Tuesday, July 14, 2020

မန္တလေးတွင် NLDအစိုးရ အလိုမရှိ စာသားပါတဲ့ စာရွက်များ ဖြန့်ဝေ

မန္တလေးမြို့မှာ NLD အစိုးရအလိုမရှိ စာသားတွေပါဝင်တဲ့ စာရွက်တွေကို မနေ့က ဇူလိုင် (၁၃)ရက် ညပိုင်းက လူစည်းကားတဲ့မီးပွိုင့်ထောင့်တွေမှာ လာရောက်ဖြန့်ကြဲထားတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ အဲ့ဒီစာရွက်တွေကို မျက်မြင်တွေ့ရှိခဲ့တဲ့ ကိုမိုးမင်းအောင်ကVOM ကို အတည်ပြုပြောပါတယ်။
“မနေ့ည ၁၂ နာရီထိုးခါနီးမို့ နန်းရှေ့ကနေ ဆိုင်ကယ်ကိုသုတ်ချေတင်ပြီး မောင်းလာတာ၊၂၆ လမ်း ၆၂ လမ်း ထောင့်(လူစည်ကားတဲ့မီးပွင့်)မှာ စာရွက်အပုံတွေတွေ့တယ်၊ ဂရုမစိုက်ဘူး ကုမ္ပဏီတစ်ခုခုရဲ့ ကြော်ငြာတွေပဲလို့ထင်တာ၊ နောက်ထပ် မီးပွင့်တစ်ခု လမ်း၃၀နဲ့ ၆၂လမ်းမှာလည်း အလားတူ စာရွာရွက်ပုံတွေတွေ့တော့ ဆိုင်ကယ်ရပ်ပြီး ဆင်းကြည့်ဖြစ်တယ်၊ ပုံမှာပါတဲ့အတိုင်း ပါတီနိုင်ငံရေးအတွက် လှုပ်ရှားတယ်ဆိုတာသိလိုက်ရတယ်၊ အဲ့စာရွက်ကိုတွေ့တော့ စိတ်ပူသွားတယ်၊ ကျနော်တို့တွေက ဘယ်ပါတီကိုမှ မဝင်ထားသလို ဘယ်ပါတီကိုမှ ထောက်ခံ အားပေးနေတဲ့သူတွေမဟုတ်ဘူး၊ လူအဖွဲ့အစည်းအတွင်းမှာ အခုဒီလို စာရွက်တွေကို တခြားစဉ်းစားနိုင်စွမ်းနည်းတဲ့ လူ့အဖွဲ့အစည်းထဲရောက်သွားရင် အရမ်းအန္တရယ်ကြီးတယ်၊ လူ့အဖွဲ့အစည်းအချင်းချင်း ပြသနာတွေတက်နိုင်တယ်။”လို့ ကိုမိုးမင်းအောင်ကပြောပါတယ်။
NLDအစိုးရ အလိုမရှိ စာသားပါတဲ့ စာရွက်တွေကို မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ထဲက ၂၆လမ်းနဲ့ ၆၂လမ်း၊ လမ်း၃၀နဲ့ ၆၂လမ်း နဲ့ မဟာအောင်မြေမြို့နယ်ထဲက ၃၅လမ်းနဲ့ ၆၂လမ်းထောင့်က မီးပွိုင့်တွေအပြင် အောင်မြေသာစံမြို့နယ်ထဲမှာလည်း လာရောက်ဖြန့်ကြဲထားခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။
Crd : VOM

0 comments:

Post a Comment