Monday, July 20, 2020

NLDပါတီ ခေါင်းဆောင်များအနေဖြင့် တိုက်ပုံအနက်ဝတ်ပြီးမဲမဆွယ်ရန် ORCHID ဦးဌေးအောင် သတိပေး ပြောကြား

NLDပါတီ ခေါင်းဆောင်များအနေဖြင့် တိုက်ပုံအနက်ရောင်ကိုဝတ်ပြီး မဲမဆွယ်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ORCHIDဦးဌေးအောင်က သတိပေး ပြောကြားလိုက်သည်။
ဦးဌေးအောင်ကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနှင့် ဗိုလ်ချုပ်ပုံ အသုံးပြုပြီး မဲဆွယ်ခြင်းကို မကန့်ကွက်သော်လည်း သူ၏အထိမ်းအမှတ်ဖြစ်သော အနက်ရောင်တိုက်ပုံ ဝတ်ပြီး မဲမဆွယ်ရန် သတိပေးမှုပြုလုပ်ခဲ့သည်။
"NLD ခေါင်းဆောင်များကို သတိပေးလိုက်ပါတယ် ၊ ဗိုလ်ချုပ်အောင်ဆန်းပုံဖြင့် မဲဆွယ်နိုင်ပါတယ် ၊ ပင်နီဝတ်ပြီး ခွတ်ဒေါင်းအလံတင် မဲဆွယ်နိုင်ပါတယ် ၊
တိုက်ပုံအနက်ဝတ်ပြီး မဲမဆွယ်ပါနဲ့ ကန့်ကွယ်ပါတယ် ၊ကျွန်တော်၏နိုင်ငံရေးပြရုပ်သည် တိုက်ပုံအနက်ရောင်ဖြစ်ပါသည်၊တုပခြင်းမပြုကြပါရန်တောင်းပန်အပ်ပါသည်"ဟုဦးဌေးအောင်က သူ၏လူမှုကွန်ရက်က တစ်ဆင့်တောင်းဆိုလိုက်သည်။
လက်ရှိတွင် ဦးဌေးအောင်သည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏မဲဆန္ဒနယ်ဖြစ်သော ကော့မှူးမြို့နယ်ကတစ်ဆင့် တသီးပုဂ္ဂလအဖြစ်ဝင်ရောက်ရွေးချယ်ခံမည်ဟုကြိုတင်ကြေငြာပြီး အတိုင်ပင်ခံပုဂ္ဂိုလ်က နေပြည်တော်တွင်သာ ဝင်ရောက်ရွေးချယ်ခံမည်ဟုကြေငြာထားသဖြင့် နေပြည်တော်က ဝင်ရောက်ယှဉ်ပြိုင်မည့်အကြောင်းကြေငြာထားသူဖြစ်သည်။
Crd : U Htay Aung'Fb #Myanmar_Online_News

0 comments:

Post a Comment