Tuesday, July 7, 2020

NLD ပါတီသည် တိုင်းရင်းသားများကို လှည့်ကြည့်ခြင်း CNLD ဥက္ကဋ္ဌ ဆို

၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီသည် တိုင်းရင်းသားများကို လှည့်ကြည့်ခြင်း မရှိဘဲ ဖုန်းဆက်၍တောင် မရကြောင်း ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CNLD ပါတီ ဥက္ကဋ္ဌ ဦးငိုင်ဆာ့ခ်ပြောဆိုခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့က လက်တွဲနှုတ်ဆက်ဖို့ကမ်းလှမ်းတယ် သူတို့က လက်မထုတ်ဘူးဆိုရင်တော့ လက်ဆွဲနှုတ် ဆက်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုဆိုတာက ခက်ခဲသွားလိမ့်မယ်။ အဲ့ဒါက တိုင်းရင်းသားတွေကြောင့် မဟုတ်ဘူး NLD ကြောင့်ဖြစ်လိမ့်မယ်” ဟု ဦးငိုင်ဆာ့ခ် ပြောကြားခဲ့ပါသည်။
၂၀၁၅ ရွေးကောက်ပွဲမတိုင်မှီ NLD ပါတီနှင့် SNLD ပါတီအပါအဝင် တိုင်းရင်းသားပါတီတို့သည် မဟာမိတ် တည်ဆောက်ရန် သဘောတူခဲ့ကြသည်။ သို့သော် NlD ပါတီ အနိုင်ရရှိပြီးနောက် NLD ၏ ဆက်ဆံရေးအပေါ် တိုင်းရင်းသားပါတီများက ဝေဖန်မှုပြုလုပ်ခဲ့သည်။ ထို့အတူ ၂၀၂၀ ရွေးကောက်ပွဲ၌ NLD ပါတီသည် မဟာမိတ် ဆက်ဆံရေးမရှိကြောင်း ပါတီ၏ထိပ်ပိုင်းခေါင်းဆောင်များက တရားဝင်ပြောဆိုမှုရှိခဲ့ကြောင်း သိရပါသည်။
crd-People Media #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment