Thursday, July 16, 2020

သီရိလင်္ကာရေတပ်တွင် ရေတပ်ဦးစီးချုပ်အဖြစ် ဒုတိယဗိုလ်ချုပ်ကြီး Nishantha Ulugetenne အား ခန့်အပ်

ယမန်နေ့တွင် သီရိလင်္ကာသမ္မတသည် ရေတပ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး Nishantha Ulugetenne အား သီရိလင်္ကာရေတပ်၏ ၂၄ ယောက်မြောက် ရေတပ်ဦးစီးချုပ်အဖြစ်ခန့်အပ်ခဲ့ကြောင်း သိရှိရသည်။
ဒုတိယဗိုလ်ချုပ် ကြီး Nishantha Ulugetenne အနေဖြင့် သီရိလင်္ကာရေတပ်တွင် စစ်ဦးစီးအရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်းသိရှိရသည်။ ၎င်းသည် သီရိလင်္ကာနိုင်ငံ၊ ကိုလန်ဘိုမြို့ရှိ တော်ဝင်ကောလိပ်ကျောင်းထွက်ဖြစ်ပြီး ငယ်စဉ် ကတည်းမှ စာတော်၍ အုပ်ချုပ်မှုကောင်းမွန်သောသူတစ်ဦးဖြစ်ခဲ့သည်။
ဒုတိယဗိုလ်ချုပ်ကြီး Nishantha Ulugetenne သည် ၁၉၈၅ ခုနှစ်တွင် သီရိ လင်္ကာရေတပ်နှင့်ရေကြောင်းဆိုင်ရာလေ့ကျင့်ရေးကျေိာင်းရှိ ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၃)သို့ တက်ရောက်ခဲ့ပြီးနောက် ၇-၁-၁၉၈၇ ရက်နေ့တွင် ပြန်တမ်းဝင် အရာရှိအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၎င်းသည် ရေတပ်တွင် ၂၈ နှစ်ကြာ ဖြတ်သန်းခဲ့ပြီးနောက် ၁-၆-၂၀၁၅ ရက်နေ့တွင် ဒုတိယဗိုလ်ချုပ်ကြီး အဆင့်သို့ရောက်ရှိခဲ့သည်။ ထို့နောက် ၁၅-၇-၂၀၂၀ ရက်နေ့တွင် ယခုကဲ့သို့ ရေတပ်ဦးစီးချုပ်တာဝန်ထမ်းဆောင်ရန် တာဝန်ပေးအပ်ခံခဲ့ရကြောင်း တွေ့ရှိရသည်။
ဒုတိယဗိုလ်ချုပ်ကြီး Nishantha Ulugetenne သည် အိန္ဒိယနိုင်ငံရှိ နည်းပညာ သင်တန်း(Technical Course) နှင့် ကိုချီမြို့ရှိ ရေတပ်အမြောက်သင်တန်းကျောင်း (India Navy Gunnery School) ဆင်းစစ်လက်နက်အရာရှိတစ်ဉီးလည်း ဖြစ်ကြောင်း တွေ့ရှိရပါသည်။ ၎င်းသည် ပညာရပ်ပိုင်းဆိုင်ရာအနေဖြင့် Joint Services Command and Staff Collage တွင် ရေတပ်တန်းမြှင့် စစ်ဉီးစီးသင်တန်းအား တက်ရောက်ခဲ့ပြီး၊ London ရှိ King's College မှ ကာကွယ်ရေးဆိုင်ရာ ဘာသာရပ် တွင် မာစတာဘွဲ့ရရှိခဲ့သူဖြစ်ပါသည်။ ထို့ပြင် သြစတေးလျနိုင်ငံ၊ Wollongong တက္ကသိုလ်မှ ရေကြောင်းဆိုင်ရာမူဝါဒနှင့် ပတ်သက်ပြီး မာစတာဘွဲ့အားလည်း ကောင်း၊ Madras တက္ကသိုလ်မှ ကာကွယ်ရေးနှင့် မဟာဗျူဟာဆိုင်ရာ Master of Philosophy အားလည်းကောင်း အသီးသီးရရှိခဲ့ကြောင်း တွေ့ရှိရသည်။
၎င်းသည် အမြန်သွားတိုက်ခိုက်ရေးစစ်ရေယာဉ်စုရှိ စစ်ရေယာဉ်များဖြစ်ကြသော ကင်းလှည့်စစ်ရေယာဉ်၊ အမြန်သွားတိုက်ခိုက်ရေးစစ်ရေယာဉ်(အမြောက်)နှင့် အမြန်သွားတိုက်ခိုက်ရေး စစ်ရေယာဉ်(ဒုံးပျံ)တို့တွင် စစ်ရေယာဉ်မှူးတာဝန်များ ထမ်းဆောင်ခဲ့ပါသည်။ ထို့နောက် အမှတ်(၄)အမြန်သွားတိုက်ခိုက်ရေး စစ်ရေယာဉ်စုမှူး၊ တောင်ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ်မှူး၊ အနောက်ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ် မှူး၊ ဒုတိယရေတပ်စစ်ဉီးစီးအရာရှိချုပ်နှင့် စစ်ဉီးစီးအရာရှိချုပ် တာဝန်များအား ထမ်းဆောင်ခဲ့ကြောင်း သိရှိရသည်။
>>Zawgyi<<
သီရိလင်္ကာရေတပ်တွင် ရေတပ်ဦးစီးချုပ် အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး Nishantha Ulugetenne အား ခန့်အပ်
Thursday, July 16, 2020
ယမန်နေ့တွင် သီရိလင်္ကာသမ္မတသည် ရေတပ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး Nishantha Ulugetenne အား သီရိလင်္ကာရေတပ်၏ ၂၄ ယောက်မြောက် ရေတပ်ဦးစီးချုပ်အဖြစ်ခန့်အပ်ခဲ့ကြောင်း သိရှိရသည်။
ဒုတိယဗိုလ်ချုပ် ကြီး Nishantha Ulugetenne အနေဖြင့် သီရိလင်္ကာရေတပ်တွင် စစ်ဦးစီးအရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်းသိရှိရသည်။ ၎င်းသည် သီရိလင်္ကာနိုင်ငံ၊ ကိုလန်ဘိုမြို့ရှိ တော်ဝင်ကောလိပ်ကျောင်းထွက်ဖြစ်ပြီး ငယ်စဉ် ကတည်းမှ စာတော်၍ အုပ်ချုပ်မှုကောင်းမွန်သောသူတစ်ဦးဖြစ်ခဲ့သည်။
ဒုတိယဗိုလ်ချုပ်ကြီး Nishantha Ulugetenne သည် ၁၉၈၅ ခုနှစ်တွင် သီရိ လင်္ကာရေတပ်နှင့်ရေကြောင်းဆိုင်ရာလေ့ကျင့်ရေးကျေိာင်းရှိ ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၃)သို့ တက်ရောက်ခဲ့ပြီးနောက် ၇-၁-၁၉၈၇ ရက်နေ့တွင် ပြန်တမ်းဝင် အရာရှိအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၎င်းသည် ရေတပ်တွင် ၂၈ နှစ်ကြာ ဖြတ်သန်းခဲ့ပြီးနောက် ၁-၆-၂၀၁၅ ရက်နေ့တွင် ဒုတိယဗိုလ်ချုပ်ကြီး အဆင့်သို့ရောက်ရှိခဲ့သည်။ ထို့နောက် ၁၅-၇-၂၀၂၀ ရက်နေ့တွင် ယခုကဲ့သို့ ရေတပ်ဦးစီးချုပ်တာဝန်ထမ်းဆောင်ရန် တာဝန်ပေးအပ်ခံခဲ့ရကြောင်း တွေ့ရှိရသည်။
ဒုတိယဗိုလ်ချုပ်ကြီး Nishantha Ulugetenne သည် အိန္ဒိယနိုင်ငံရှိ နည်းပညာ သင်တန်း(Technical Course) နှင့် ကိုချီမြို့ရှိ ရေတပ်အမြောက်သင်တန်းကျောင်း (India Navy Gunnery School) ဆင်းစစ်လက်နက်အရာရှိတစ်ဉီးလည်း ဖြစ်ကြောင်း တွေ့ရှိရပါသည်။ ၎င်းသည် ပညာရပ်ပိုင်းဆိုင်ရာအနေဖြင့် Joint Services Command and Staff Collage တွင် ရေတပ်တန်းမြှင့် စစ်ဉီးစီးသင်တန်းအား တက်ရောက်ခဲ့ပြီး၊ London ရှိ King's College မှ ကာကွယ်ရေးဆိုင်ရာ ဘာသာရပ် တွင် မာစတာဘွဲ့ရရှိခဲ့သူဖြစ်ပါသည်။ ထို့ပြင် သြစတေးလျနိုင်ငံ၊ Wollongong တက္ကသိုလ်မှ ရေကြောင်းဆိုင်ရာမူဝါဒနှင့် ပတ်သက်ပြီး မာစတာဘွဲ့အားလည်း ကောင်း၊ Madras တက္ကသိုလ်မှ ကာကွယ်ရေးနှင့် မဟာဗျူဟာဆိုင်ရာ Master of Philosophy အားလည်းကောင်း အသီးသီးရရှိခဲ့ကြောင်း တွေ့ရှိရသည်။
၎င်းသည် အမြန်သွားတိုက်ခိုက်ရေးစစ်ရေယာဉ်စုရှိ စစ်ရေယာဉ်များဖြစ်ကြသော ကင်းလှည့်စစ်ရေယာဉ်၊ အမြန်သွားတိုက်ခိုက်ရေးစစ်ရေယာဉ်(အမြောက်)နှင့် အမြန်သွားတိုက်ခိုက်ရေး စစ်ရေယာဉ်(ဒုံးပျံ)တို့တွင် စစ်ရေယာဉ်မှူးတာဝန်များ ထမ်းဆောင်ခဲ့ပါသည်။ ထို့နောက် အမှတ်(၄)အမြန်သွားတိုက်ခိုက်ရေး စစ်ရေယာဉ်စုမှူး၊ တောင်ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ်မှူး၊ အနောက်ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ် မှူး၊ ဒုတိယရေတပ်စစ်ဉီးစီးအရာရှိချုပ်နှင့် စစ်ဉီးစီးအရာရှိချုပ် တာဝန်များအား ထမ်းဆောင်ခဲ့ကြောင်း သိရှိရသည်။

0 comments:

Post a Comment