Saturday, July 18, 2020

NASA အာကာသယာဉ်မှူးများ လိုက်ပါလာသည့် Space X အာကာသယာဉ်အား ဩဂုတ်လ ၂ ရက်နေ့တွင် ကမ္ဘာမြေပေါ်သို့ ပြန်လည်ဆင်းသက်ရန် သတ်မှတ်

မေလတွင် နိုင်ငံတကာအာကာသစခန်းသို့ Space X အာကာသယာဉ်ဖြင့် သွားရောက်ခဲ့သော NASA အာကာ သယာဉ်မှူးများသည် ပတ်လမ်းအတွင်း ၂ လကြာ သွားရောက်ခဲ့ပြီးနောက် ဩဂုတ်လ ၂ ရက်နေ့တွင် ကမ္ဘာမြေပေါ်သို့ ပြန်လည် ဆင်းသက်မည်ဖြစ်ကြောင်း NASA ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးမှ ဇူလိုင်လ ၁၇ ရက်နေ့က ပြောကြားခဲ့ပါသည်။
အမေရိကန်အာကာသယာဉ်မှူးများဖြစ်သည့် Boh Behnken နှင့် Doug Hurley တို့မှ Demo-2 မစ်ရှင်ဟုခေါ်သည့် Space X ၏ နောက်ဆုံးအကြိမ် စံနှုန်းစမ်းသပ်မှု ပြုလုပ်ရန် ပြင်ဆင်သွားမည်ဖြစ်သည်။ NASA သည် ဆယ်စုနှစ်တစ်စုနီးပါး အကြာမှ ပထမဆုံးအကြိမ်အဖြစ် အမေရိကန်မြေပေါ်မှ လူလိုက်ပါသည့် အာ ကာသလွန်းပျံယာဉ် လွှတ်တင်မှုအား လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အတ္တလန္တိတ်သမုဒ္ဒရာတွင် ဆင်းသက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်သည်။
အမေရိကန်အာကာသလွန်းပျံယာဉ်အစီအစဉ် ပြီးဆုံးသည့် ၂၀၁၁ ခုနှစ်မှစ၍ NASA အာကာသယာဉ်မှူးများသည် ရုရှားနိုင်ငံ၏ Soyuz အာကာသယာဉ်၏ ပတ်လမ်း အတွင်း လိုက်ပါစီးနင်းခဲ့ပါသည်။ Space X ကုမ္ပဏီနှင့်အပြိုင် ကိုယ်ပိုင်လွှတ်တင်ရေးစနစ် ပြုလုပ်နေသည့် Boeing ကုမ္ပဏီအနေဖြင့် လာမည့်နှစ်တွင် ၎င်း၏ CST-100 Starliner ယာဉ်အား အာကာသ ယာဉ်မှူးများနှင့်အတူ ပထမဆုံးအကြိမ် လွှတ်တင်မည်ဟု မျှော်လင့်ရပါသည်။ NASA သည် Space X နှင့် Boeing ကုမ္ပဏီအား ၎င်းတို့၏ ဒုံးကျည်များတီထွင်ထုတ်လုပ်ရန် အတွက် အမေရိကန် ဒေါ်လာ ၈ ဘီလီယံနီးပါး ပေးအပ်ခဲ့ပါသည်။
Behnken သည် Hurley နှင့် အာကာသစခန်းသို့မထွက်ခွာမီ ဇူလိုင်လ ၂၁ ရက် နေ့တွင် ၎င်း၏ နောက်ဆုံး spacewalk အတွက် ပြင်ဆင်မည်ဖြစ်ကြောင်း NASA မှ ပြောကြားခဲ့ပါသည်။ ကမ္ဘာမြေပေါ်ရှိ မစ်ရှင်ရေးဆွဲသူများအနေဖြင့် Crew Dragon ဆင်းသက်မည့် တည်နေရာနှင့် အချိန်အတိအကျ တွက်ချက်ရန်အတွက် ရာသီဥတု ခန့်မှန်းချက်များကို စောင့်ကြည့်သွားမည်ဖြစ်ကြောင်း၊ ဆင်းသက်မည့်ရက်မှာ ကွဲလွဲမှု ရှိနိုင်ကြောင်း NASA ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးမှ ပြောကြားခဲ့ပါသည်။
Source - CNA #Myanmar_Online_News

0 comments:

Post a Comment