Saturday, July 25, 2020

ကိုရိုနာဗိုင်းရပ်စ်ရောဂါကပ် ဖြစ်ပွားလျှက်ရှိစဉ် ဘင်္ဂလားဒက်ရှ်အာဏာရပါတီနှင့် ဆက်သွယ်ထောက်ပံ့လျှက်ရှိသူက N95 ရောဂါကာကွယ်ရေးမျက်နှားဖုံးစွပ်များအတုပြုလုပ်မှုဖြင့် ဖမ်းဆီးခံရ

ကိုရိုနာဗိုင်းရပ်စ်ရောဂါကပ် ဖြစ်ပွားလျှက်ရှိသော ဘင်္ဂလားဒက်ရှ်နိုင်ငံတွင် N95 ရောဂါပိုးမွှားကာကွယ်ရေး မျက်နှားဖုံးစွပ်များအတုပြုလုပ်ပေးသွင်းသည့် ကုမ္ပဏီအား ဘန်ဂါဘန်ဒူရှိတ်မူဂျစ်ဆေးဘက်ဆိုင်ရာတက္ကသိုလ် BSMMU က အမှုဖွင့်တရားစွဲဆိုပြီးနောက် ကုမ္ပဏီပိုင်ရှင်အား ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်ဟု bdnews24 က ယနေ့ ရေးသားသည်။
ဗုဒ္ဓဟူးနေ့ ည ၁၀:၃၀ နာရီခန့်တွင် “ အပရာဇိတ ထရိတ်အင်တာနေရှင်နယ် “ ကုမ္ပဏီပိုင်ရှင်ဖြစ်သူ ရှာမင်ဂျဟန်အား ဒါကာမြို့ ၎င်း၏နေအိမ်၌ ဖမ်းဆီးခဲ့ကြောင်း၊ ရှာမင်ဂျဟန်သည် ဘင်္ဂလားဒက်ရှ်နိုင်ငံရေးပါတီတစ်ခုဖြစ်သော “ ချာဟတ္ထရာအဖွဲ့ချုပ် “ ၏ အမျိုးသမီးခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သည်မှာ မှန်ကန်ကြောင်း ဒါကာမြို့တော် ရဲတပ်ဖွဲ့ လက်ထောက်ကော်မရှင်နာမင်းကြီးက အတည်ပြုပြောဆိုသည်။
လွန်ခဲ့သည့် ဇွန်လ ၂၇ ရက်နေ့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါတားဆီးကာကွယ်ရေးအတွက် နိုင်ငံတော်ကိုယ်စား ဘန်ဂါဘန်ဒူရှိတ်မူဂျစ်ဆေးဘက်ဆိုင်ရာ တက္ကသိုလ်သို့ N95 မျက်နှာဖုံး ခုရေ ၁,၁၀၀ ပေးသွင်းရန် “ အပရာဇိတ ထရိတ်အင်တာနေရှင်နယ် “ ကုမ္ပဏီက ကုန်မှာစာ ရရှိခဲ့သည်။ အပရာဇိတကုမ္ပဏီသည် ဇွန်လ ၃၀-ရက် နေ့တွင် မျက်နှာဖုံးခုရေ ၁,၃၀၀ စတင်ပေးသွင်းခဲ့ပြီး၊ ဇူလိုင်လ ၁၃-ရက်နေ့အထိ မျက်နှာဖုံးခုရေ စုစုပေါင်း ၃,၄၆၀-ခုကို ၄-ကြိမ်ခွဲ၍ BSMMU သို့ ပေးသွင်းခဲ့သည်။
ပထမနှင့် ဒုတိယအကြိမ်ပေးသွင်းသော မျက်နှာဖုံးများတွင် အပြစ်အနာအဆာမရှိသော်လည်း။ တတိယနှင့် စတုတ္ထအကြိမ် ပေးသွင်းသော မျက်နှာဖုံးများမှာ အမှန်တကယ် အသုံးပြုသည့်အခါ စံချိန်စံညွှန်းနှင့် ကိုက်ညီ ခြင်းမရှိသည့်အပြင် ချို့ယွင်းချက်များ ပါရှိနေသည်ဆို၏။ မျက်နှာဖုံးအချို့တွင် “ ချိတ်ကြိုး “ များသည် ခနော်ခနဲ့ဖြစ်နေပြီး အချို့တွင် ရိုက်နှိပ်ထားသော အင်္ဂလိပ်ဘာသာ စာလုံးပေါင်းများမှာလည်း မှားယွင်းလျှက်ရှိကြောင်း တွေ့ရှိရသည်။
အရည်အသွေးနိမ့်ကျပြီး အားနည်းချက်ရှိနေသော မျက်နှာဖုံးများကို အသုံးပြုခြင်းမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်တိုက်ဖျက်ရေးတွင် ရှေ့တန်းမှ တာဝန်ထမ်းဆောင်လျှက်ရှိသူ ကျန်းမာရေးဝန်ထမ်းများအတွက် အသက်ဘေးအန္တရာယ်ကျရောက်နိုင်ကြောင်း အာဏာပိုင်အဖွဲ့က ဆုံးဖြတ်ခဲ့သည်။
မျက်နှာဖုံးစွပ်များနှင့် ပတ်သက်၍ ဇူလိုင်လ ၁၈-ရက်နေ့ BSMMU ၏ အကြောင်းကြားစာကို ဇူလိုင် ၂၀-ရက်နေ့ ရှာမင်ဂျဟန်၏ ပြန်ကြားခဲ့ရာတွင် တောင်းပန်ချက်နှင့်အတူ ဝန်ခံကြောင်းကြေညာလွှာလည်း ပါရှိသည်။
ရှာမင်ဂျဟန်သည် ၂၀၀၂-ခုနှစ်တွင် ဒါကာတက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သူ အမျိုးသမီးတစ်ဦီးဖြစ်သည်။ ကူဝိတ်-ဘင်္ဂလားဒက်ရှ်ချစ်ကြည်ရေးခန်းမနှင့် လက်ရှိအာဏာရ အဝါမီလိခ်ပါတီ၏ ကျောင်းသားလက်ရုံးဖြစ်သော ချာဟတ္ထရာအဖွဲ့ချုပ်၏ ဥက္ကဋ္ဌအဖြစ်ရွေးကောက်ခြင်း ခံခဲ့ရဖူးသည်။ ယခင်က အဝါမီလိခ်ပါတီ ဗဟိုဆပ်ကော်မတီတွင် အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာ လက်ထောက်အတွင်းရေးမှူးအဖြစ်တာဝန်ယူခဲ့သည်။ ရှာမင်ဂျဟန်၏ အဝါမီလိခ်ပါတီတွင် လက်ရှိရာထူးကို မသိရှိရသော်လည်း ပါတီရေးရာတက်ကြွလှုပ်ရှားသူတစ်ဦးအဖြစ် လူသိများသည်။
ရှာမင်ဂျဟန်သည် ၂၀၁၆ ခုနှစ်မတ်လတွင် တရုတ်နိုင်ငံ ဝူဟန်မြို့ရှိ တက္ကသိုလ်တစ်ခုသို့ ပညာသင်ကြားခွင့် စကောလားရှစ်ရရှိခဲ့ပြီးနောက် ထောက်ပံ့ရေးလုပ်ငန်းကို ၂၀၁၉ ခုနှစ်မတ်လတွင် စတင်ခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ရောဂါစတင်ဖြစ်ပွားသည့် ယခုနှစ် ဇန်နဝါရီလတွင် ဝူဟန်မြို့၌ တားဆီးပိတ်ဆို့မှုများစတင်သည့်အခါ ခွင့်ရက်ရှည်ဖြင့် ဘင်္ဂလားဒက်ရှ်သို့ ပြန်လာခဲ့သူဖြစ်သည်။
ယမန်နေ့ မွန်းလွဲပိုင်း Bdnews မီဒီယာသို့ ရှာမင်ဂျဟန်က ရှင်းပြရာတွင် အဆိုပါမျက်နှာဖုံးများကို “ အပရာဇိတ ထရိတ်ဒင်းကုမ္ပဏီ “ က ထုတ်လုပ်ခြင်းမဟုတ်ပဲ တရုတ်နိုင်ငံမှ တင်သွင်းခြင်းသာဖြစ်ကြောင်း ၊ BSMMU အနေ ဖြင့် အပြစ်အနာအဆာတွေ့ရှိခဲ့လျှင် မိမိထံဦးစွာ အကြောင်းကြားသင့်ကြောင်း၊ မည်သည့် စွပ်စွဲချက်မဆို တရားဥပဒေနှင့်အညီ ခုခံဖြေရှင်းသွားမည်ဖြစ်ကြောင်း ပြောဆိုသည်။
crd-Oung Marine #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment