Wednesday, July 15, 2020

အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပါ စည်းကမ်းချက်များကို ဖောက်ဖျက်ခြင်းကြောင့် မှုခင်းသတင်း ထောက်များအသင်း(MCRA)ကို အသင်းအဖွဲ့မှ အစိုးရ ပယ်ဖျက်၊ ပယ်ဖျက်မှုကို မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီအဖွဲ့ကြိုဆို

အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပါ စည်းကမ်းချက်များကို ဖောက်ဖျက်ခြင်းကြောင့် မှုခင်းသတင်း ထောက်များအသင်း(MCRA)ကို အသင်းအဖွဲ့မှ ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့က ပယ်ဖျက်လိုက်သည်။
မှုခင်းသတင်းထောက်များအသင်း(MCRA) သည် ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့၌ မှတ်ပုံတင်လက်မှတ် အမှတ်(၁/ပြည်တွင်း/၀၂၇၆)ဖြင့် ၂၀၁၇ ခုနှစ်၊ဇန်နဝါရီ၂၅ရက်မှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ၃၁ ရက်ထိ ခွင့်ပြု ပေးထားခဲ့သည်။
သို့သော် မှုခင်းသတင်းထောက်များအသင်း(MCRA)သည် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအရ လိုက်နာရမည့် စည်းကမ်းချက်များကို ဖောက်ဖျက်မှုကြောင့် ၂၀၂၀ ခုနှစ် ဇွန်လ(၁၂)ရက်နေ့၌ ပြုလုပ်ခဲ့သည့် အစည်းအဝေးအရ ဇွန်လ(၁၆)ရက်၌ အသင်းအဖွဲ့စာရင်းမှ နိုင်ငံတော်က ပယ်ဖျက်လိုက်တာလည်း ဖြစ်ပါတယ်။
“အခုလိုသူတို့အသင်းကိုပယ်ဖျက်လိုက်တာကောင်းတယ်လို့ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုဟာ မျိုးလုပ်နေတာကို အစိုးရက တရားဝင်ပြောဖို့လိုတယ်လေ။ ဟိုးအရင်အရင်လက်ထက်ကတည်းက ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်မှူးကြီး ရန်နိုင်လက်ထက်ကစပြီး သူတို့တွေထောင်လာခဲ့ကြတာဆိုတော့ အဲဒီတုန်းကတော့ အသုံးချခဲ့ကြတာပေါ့လေ။သူတို့လိုအပ်တဲ့နေရာမှာမှုခင်းသတင်းထောက်နာမည်ခံပြီးတော့ သတင်း ပေးသဘော မျိုးနဲ့ အသုံးချခဲ့ကြတယ်။ ဆိုတော့ အခုလိုမျိုးဒီလိုအဖွဲ့အစည်းမျိုးကိုပယ်ဖျက်လိုက်တယ်ဆိုတာတခြားသော နောက်နောင်အဲဒီလို လိုက်လုပ်ထားတဲ့ထောင်ထားတဲ့လူတွေလည်းရှိတယ်။ အဲဒါမျိုးတွေကိုပါ သတင်းစကား ရောက်စေတယ်။ အဲဒါမျိုးတွေကိုပါ ပြောတဲ့သဘောမျိုးသက်ရောက်တယ်။ ကျွန်တော်တော့ အဲဒီလို နားလည်တယ်’’လို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအဖွဲ့ဝင် ဦးမြင့်ကျော်က ပြောပါတယ်။

Ref ; People Media

0 comments:

Post a Comment