Saturday, July 11, 2020

mask တပ်ရန်ပြောကြားတဲ့ ပြင်သစ်ဘတ်စ်ကားယာဉ်မောင်းတစ်ဦး ရိုက်နှက်ခံရပြီး သေဆုံး

ပြင်သစ်ဘတ်စ်ကားဒရိုင်ဘာတစ်ဦးဟာ ကားစီးစဉ် mask တပ်ဆင်ဖို့ငြင်းဆိုတဲ့ ခရီးသွား ၂ ဦးရဲ့ ရိုက်နှက်တိုက်ခိုက်ခံရမှုကြောင့် ဇူလိုင်လ ၁၀ ရက်နေ့မှာ ဦးခေါင်းထိခိုက်သေဆုံးခဲ့ကြောင်း သိရပါတယ်။
၎င်းကိုတိုက်ခိုက်ခဲ့တဲ့ ခရီးသည်နှစ်ဦးကို လူသတ်ရန် ကြိုးစားအားထုတ်မှုန့ ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး အခြားတစ်ဦးကို ကူညီပေးမှုနဲ့ အမှုဖွင့်ထားကြောင်း သိရပါတယ်။
Philippe Monguillot လို့အမည်ရတဲ့ ပြင်သစ်နိုင်ငံတောင်ပိုင်း Bayonne မြို့က ဘတ်စ်ကားယာဉ်မောင်း တစ်ဦးဟာ ၎င်းဘတ်စ်ကားပေါ်တက်လာတဲ့ ခရီးသည် ၂ ဦးကို ကိုဗစ် စည်းကမ်းတွေအရ mask တပ်ဖို့နဲ့ တပ်ဆင်ခြင်းမရှိပါက အများပြည်သူသုံးယာဉ် အသုံးမပြုဖို့ ပြောကြားခဲ့တာကြောင့် ရိုက်နှက်ခံခဲ့ရပြီး သေဆုံးသွားကြောင်း ၎င်းရဲ့ သမီးဖြစ်သူက အေအက်ဖ်ပီသတင်းဌာနကို ပြောတယ်လို့ ဆိုပါတယ်။
ဒီဖြစ်ရပ်ကြောင့် သူ့ရဲ့လုပ်ဖော်ကိုင်ဖက် အခြားခရီးသည်တင်ယာဉ်မောင်းတွေကလည်း လုံခြုံမှုမရှိပဲ အလုပ်လုပ်ဖို့ ငြင်းဆိုခဲ့ကြတာကြောင့် ပြည်ထဲရေးဝန်ကြီး Gerald Darmanin ဟာ ယနေ့မှာ ဘတ်စ်ကားဒရိုင်ဘာတွေနဲ့ ၎င်းတို့လုံခြုံရေးအတွက် တွေ့ဆုံဆွေးနွေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
crd-Myanmar Harp #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment