Thursday, July 23, 2020

ဟိုတယ်များဖွင့်လှစ်ခွင့်ရခဲ့လျှင်လည်း KTV နှင့် Spa ကိုပိတ်ထားရမည်ဟုဆို

Covid-19 ကြောင့် ချောင်းသာကမ်းခြေကို ပြီးခဲ့သည့် မတ်လ၂၆ရက်မှစတင် ပိတ်ထားခဲ့ပြီး အဆိုပါကမ်းခြေရှိဟိုတယ်များ ဖွင့်လှစ်ခွင့်ရလျှင်လည်း KTV နှင့် Spa ကိုပိတ်ထားရမည်ဟု ဟိုတယ်နှင့်ခရီးသွားညွှန်ကြားရေးဦးစီးဌာနချောင်းသာရုံးခွဲတာဝန်ခံ ဦးစီးအရာရှိ ဦးနိုင်အောင်က ပြောသည်။
ဇူလိုင်လ ၂၃ ရက်တွင် ဟိုတယ်များဖွင့်လှစ်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အညီဆောင်ရွက်ထား ခြင်းရှိ/ မရှိ စစ်ဆေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“စစ်ဆေးရေးအဖွဲ့က ချောင်းသားကိုလာရောက်ပြီးဇူလိုင်လ ၂၃ ရက်မှာ တစ်နေကုန် စစ်ဆေးမယ်။ စစ်ဆေးတဲ့အခါ အဓိကအချက်ကတော့ အိပ်ခန်းဆောင်တွေ၊ Public Area တွေကို အဓိကထား စစ်ဆေးမယ်။ အဲဒီအခါ ရေကူးကန်တွေမှာ စုပြုံ ရေချိုးလို့မရတာတွေ ပါမယ်။ ဟိုတယ်အကြီးတွေမှာ ဆိုရင်လည်း KTVတွေ၊ Spa တွေကို မဖွင့်ရဘူး ပိတ်ထားရမယ်ဆိုတဲ့အချက်တွေ ပါတာပေါ့။ စစ်ဆေးပြီးတဲ့အခါ ၂၅ရက်နေ့မှာ သူတို့အနေနဲ့ တာဝန်ရှိသူတွေကို တင်ပြမယ်။ အခုဆိုရင် ကမ်းခြေတွေဖွင့်လှစ်နိုင်ရေးကို အဓိကထားလုပ် နေတာဆိုတော့ လကုန် ရက်ပိုင်းလောက်မှာတော့ အဖြေ သိနိုင်လောက်မယ်လို့ သုံးသပ်ရတယ်” ဟုဦးနိုင်အောင်က ပြောသည်။
crd-Pyi Myanmar #Myanmar_Online_News
>>Zawgyi<<
ဟိုတယ်များဖွင့်လှစ်ခွင့်ရခဲ့လျှင်လည်း KTV နှင့် Spa ကိုပိတ်ထားရမည်ဟုဆို
Thursday, July 23, 2020
Covid-19 ကြောင့် ချောင်းသာကမ်းခြေကို ပြီးခဲ့သည့် မတ်လ၂၆ရက်မှစတင် ပိတ်ထားခဲ့ပြီး အဆိုပါကမ်းခြေရှိဟိုတယ်များ ဖွင့်လှစ်ခွင့်ရလျှင်လည်း KTV နှင့် Spa ကိုပိတ်ထားရမည်ဟု ဟိုတယ်နှင့်ခရီးသွားညွှန်ကြား ရေးဦးစီးဌာနချောင်းသာရုံးခွဲတာဝန်ခံ ဦးစီးအရာရှိ ဦးနိုင်အောင်က ပြောသည်။
ဇူလိုင်လ ၂၃ ရက်တွင် ဟိုတယ်များဖွင့်လှစ်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အညီဆောင်ရွက်ထား ခြင်းရှိ/ မရှိ စစ်ဆေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“စစ်ဆေးရေးအဖွဲ့က ချောင်းသားကိုလာရောက်ပြီးဇူလိုင်လ ၂၃ ရက်မှာ တစ်နေကုန် စစ်ဆေးမယ်။ စစ်ဆေးတဲ့အခါ အဓိကအချက်ကတော့ အိပ်ခန်းဆောင်တွေ၊ Public Area တွေကို အဓိကထား စစ်ဆေးမယ်။ အဲဒီအခါ ရေကူးကန်တွေမှာ စုပြုံ ရေချိုးလို့မရတာတွေ ပါမယ်။ ဟိုတယ်အကြီးတွေမှာ ဆိုရင်လည်း KTVတွေ၊ Spa တွေကို မဖွင့်ရဘူး ပိတ်ထားရမယ်ဆိုတဲ့အချက်တွေ ပါတာပေါ့။ စစ်ဆေးပြီး တဲ့အခါ ၂၅ရက်နေ့မှာ သူတို့အနေနဲ့ တာဝန်ရှိသူတွေကို တင်ပြမယ်။ အခုဆိုရင် ကမ်းခြေတွေဖွင့်လှစ်နိုင်ရေးကို အဓိကထားလုပ် နေတာဆိုတော့ လကုန် ရက်ပိုင်းလောက်မှာတော့ အဖြေ သိနိုင်လောက်မယ်လို့ သုံးသပ်ရတယ်” ဟုဦးနိုင်အောင်က ပြောသည်။
crd-Pyi Myanmar #Myanmar_Online_News

0 comments:

Post a Comment