Friday, July 17, 2020

နေရပ်ပြန်ရန် စောင့်ဆိုင်းနေသော မြန်မာနိုင်ငံမှ သင်္ဘောသား(၈၇)ဦးအား ကိုရီးယားလေကြောင်းလိုင်း (Korean Airlines) ဖြင့် ရန်ကုန်မြို့သို့ပြန်လည်ပို့ဆောင်ပေးခဲ့

နိုင်ငံအရပ်ရပ်တွင် သင်္ဘောဆင်း၍ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရန် စောင့်ဆိုင်းနေကြသော မြန်မာသင်္ဘောသား (၈၇)ဦးအတွက် မြန်မာနိုင်ငံရှိ Myanma Ocean Win Services Co.,ltd မှ ဦးစီးဦးဆောင်ပြု၍ သင်္ဘောကုမ္ပဏီများစုစည်းပြီး ၁၇-၇-၂၀၂၀ ရက် (သောကြာ နေ့) တွင် ကိုရီးယားလေကြောင်းလိုင်း (Korean Airlines) ဖြင့် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့သို့ ကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲနိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့ပါသည်။
ယင်းမြန်မာသင်္ဘောသား (၈၇)ဦးတို့ ပြန်လည်ထွက်ခွာသည့်နေ့ရက်တွင် လေဆိပ်၌ အခက်အခဲတစ်စုံတစ်ရာမရှိစေရေး မြန်မာသံရုံး၊ ဆိုးလ်မြို့မှ ဝန်ထမ်းများသည် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သွားရောက်၍ ကူညီဆောင်ရွက်ပေးခဲ့ပါသည်။
Crd : Myanmar Embassy, Seoul #Myanmar_Online_News

0 comments:

Post a Comment