Sunday, July 5, 2020

“Knyaz Vladimir” ဟု အမည်ရသည့် Borei-A အဆင့်ရှိ နျူကလီးယား ဒုံးကျည်တပ် ရေငုပ်သင်္ဘောသည် ရုရှားရေတပ်တွင် တပ်တော်ဝင်ခဲ့

ညက်ဗလာဒီမီယာ အမည်ရသော ဘိုရေး-A အဆင့် နျူကလီးယား ဒုံးကျည်တပ် ရေငုပ် သင်္ဘောသည် ရုရှားရေတပ်အတွက် တပ်တော်ဝင်ခဲ့ပြီဖြစ်ပါသည်။
မြောက်ပိုင်း ရေတပ်အမှတ် (၃၁)တွင် တာဝန်များ ထမ်းဆောင်မှာဖြစ်သည့်အတွက် မာမန့်စ်ဆိပ်ကမ်းတွင် အထူးအခမ်းအနားကို ကျင်းပခဲ့ပါသည်။ ၂၀၁၇ နိုဝင်ဘာလထဲက စမ်းသပ်မှုများကို ပြုလုပ်ခဲ့ပါသည်။

အချက်အလက်များအရ ညက်ဗလာဒီမီယာသည် အသံဆူညံမှုနည်းပြီး စူးစမ်းရှာဖွေနိုင်မှု၊ ရေအနက်နှင့် ထိန်းချုပ်မှုစနစ်များတွင် ပိုအားကောင်းကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောကြားခဲ့ပါသည်။

ဘိုရေးအဆင့်ရှိ ရေငုပ်သင်္ဘောများသည် ဘူလာဗာ ဒုံးကျည် (၁၆)စင်းအထိ သယ်ဆောင်နိုင်ပါသည်။ ပြောင်းဝ (၅၃၃)မီလီမီတာရှိ တော်ပီဒိုများလည်းပါရှိကြောင်း သိရှိရပါသည်။
Crd : MRTV

0 comments:

Post a Comment