Friday, July 24, 2020

သက်လုံမကောင်းဘဲ အဝေးကွင်းမကန်ဟု ပန်းတနော်မြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ပြိုင်မည့် KNU ခေါင်းဆောင် ပဒိုမန်းငြိမ်းမောင် ပြောဆို

သက်လုံမကောင်းဘဲ အဝေးကွင်းမကန်ဟု ပန်းတနော်မြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ဝင်ပြိုင်မည့် KNU ခေါင်းဆောင် ပဒိုမန်းငြိမ်းမောင် ပြောဆိုက ပြောပါတယ်။
၂၀၂၀ ရွေးကောက်ပွဲ၌ ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မဲဆန္ဒနယ်တွင် တစ်သီးပုဂ္ဂအဖြစ် KNU ခေါင်း ဆောင် ပဒိုမန်းငြိမ်းမောင်က ဝင်ရောက်ယှဉ်ပြိုင်မှာလည်း ဖြစ်ပါတယ်။
“လောလောဆယ်တစ်သီးပုဂ္ဂလအဖြစ်ပဲ ဝင်ပြိုင်ဖို့စဉ်းစားထားပါတယ်။ ကျွန်တော့်ဇာတိမြို့နယ်မှာဘဲ ကျွန် တော်ဝင်ချင်တယ်။ ကျွန်တော်ဝင်ချင်တဲ့ရည်ရွယ်ချက်ကတော့ဗျာ ကျွန်တော်ကငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ထဲထဲဝင်ဝင်ပါဝင်ခဲ့တော့ တိုင်းရင်းသားတွေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်လို့ ပိုပြီးတော့ အ လုပ်အကျွေး ပြုနိုင်မယ်လို့ယုံကြည်တယ်။ ရွေးကောက်ပွဲနိုင်မှာလားဆိုတော့ ပြောပြမယ်။ ကျွန်တော်အိမ်ကွင်းက ကရင်က နေ အခုလာကစားတာ အဝေးကွင်းကိုလာကစားတာ။ ဘောလုံးသမားစကားနဲ့ပြောရရင် သက်လုံမကောင်းဘဲ မကန်နိုင်ဘဲ ကျွန်တော်လာမကစားဘူး”ဟု ၎င်းကပြောပါတယ်။
အလားတူ ရွေးကောက်ပွဲဝင်ရန် စီစဉ်မှုကြောင့် KNU ဗဟိုအလုပ်အမှုဆောင်တာဝန်မှ နှုတ်ထွက်ထားကြောင်း ၎င်းက ဆိုပါတယ်။
“ကျွန်တော်တကယ်လို့သာ လွှတ်တော်ထဲမှာ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ဖြစ်လို့ရှိရင် ကျွန်တော့် တိုင်းရင်းသားတွေအတွက် ကျွန်တော်အများကြီး သူတို့ရဲ့အကျိုးအတွက် သူတို့ရဲ့ရှေ့ရေးအတွက် ဆောင် ရွက် ပေးနိုင်ဖို့ယုံကြည်တယ်။ နောက်တစ်ခုက ဧရာဝတီတိုင်းမှာ ကရင်တွေဗမာတွေအားလုံးစုပေါင်းနေထိုင်ကြတဲ့ အခါ လူမျိုးစုံဖြစ်တဲ့အတွက် ကရင်-ဗမာချစ်ကြည်ရေးကို ပိုထမ်းဆောင်နိုင်မယ်လို့ ကျွန်တော်ယုံ ကြည်တယ်”ဟု ပဒိုမန်းငြိမ်းမောင်ကထပ်မံပြောသည်။
Ref ; People Media

0 comments:

Post a Comment