Friday, July 10, 2020

ရန်ကုန်အသက်မွေးနည်းပညာကောလိပ်တွင် နန်းမွေစံအပါအဝင် တခြားအနုပညာရှင်များကို Kindness Ambassador ခန့်အပ်ခဲ့

ဘာသာရပ် ၁၈ ခု သင်ကြားပေးမည့် ရန်ကုန်အသက်မွေးနည်းပညာကောလိပ် (သာကေတ) တွင် နန်းမွေ့စံအပါအဝင် အနုပညာရှင်များကို Kindness Ambassador ဇူလိုင်လ ၁၀ ရက် က ခန့်အပ်ခဲ့သည်ဟု လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားချက် အရသိရသည်။
ထိုကောလိပ်မှာ အလယ်တန်းအောင်ရုံနှင့်တက်ရောက်ခွင့်ရှိပြီး ကျောင်းပြီးလျှင် အလုပ်အတွက် အာမခံပေးနိုင်မည့်သင်တန်းကျောင်းလည်း ဖြစ်သည်ဟု လူမှုရေးဝန်ကြီးဦးနိုင်ငံလင်းက ရေးသားထားသည်။
အဆိုပါ ကောလိပ်တွင် ကနဦး၌ ကျောင်းသား/သူအယောက်တစ်‌ထောင် လက်ခံနိုင်မည်ဖြစ်ကြောင်း နှင့် အဓိက သင်ကြားပေးမည့်ဘာသာရပ်များအဖြစ် ဆောက်လုပ်ရေးနည်းပညာ၊ စက်မှုနည်းပညာ၊ မော်တော်ကားတပ်ဆင်ရေးနည်းပညာ၊နိုင်ငံခြားဘာသာစကား အပါအဝင် ဘာသာရပ် ( ၁၈ )ခုထိ သင်ကြားပေးမည်ဟု သိရသည်။
နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်ပြီး၊ နည်းပညာကျွမ်းကျင်သည့် နိုင်ငံတကာကျောင်းများမှ ဆရာ/မများက လာရောက်သင်ကြားပေးမည်ဖြစ်ကာ သင်ကြားချိန် ၃ လမှ ၆ လထိကာလတို သင်တန်းနှင့် ၁ နှစ်မှ ၃ နှစ်ကြာထိ တက်ရောက်ရမည့် သင်တန်းများ ဖြစ်ကြောင်း သိရသည်။
Source - The Fifth Wave News
>>zawgyi<<

0 comments:

Post a Comment