Tuesday, July 7, 2020

ပဋိပက္ခတစ်ခုဖြစ်တိုင်း ဝန်ထုတ်ဝန်ပိုးကို ပြည်သူများသာ ခံစားရပြီး မြေပေါ်၊ မြေအောက် သယံဇာတများ ထုတ်ယူသုံးစွဲခြင်းက ဂေဟစနစ်များကို ပျက်စီးစေကြောင်း JMC-U ၏ ဥက္ကဌ ပြော

ပဋိပက္ခတစ်ခုဖြစ်တိုင်း ဝန်ထုတ်ဝန်ပိုးကို ပြည်သူများသာ ခံစားရပြီး ပဋိပက္ခများ ကြာလာသည်နှင့်အမျှ မြေပေါ်၊ မြေအောက် သယံဇာတများ ထုတ်ယူသုံးစွဲခြင်းက ဂေဟစနစ်များကို ပျက်စီးစေခဲ့ခြင်းကြောင့် ဒေသခံအရပ်သား စောင့်ကြည့်သူများ ဖွဲ့စည်းနိုင်ရေး ဆွေးနွေးနေကြောင်း ပစ်ခတ်တိုက်ခိုက်မှုရပ်ဆဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-U ၏ ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ယနေ့စတင်ပြုလုပ်သည့် (၁၉) ကြိမ်မြောက် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်ဆဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီအစည်းအဝေးတွင် ပြောကြားလိုက်သည်။
"ပဋိပက္ခတွေကို ပြန်ကြည့်တဲ့နေရာမှာ ဘာသာရေးကို အခြေခံတာတွေရှိတယ်။ လူမျိုးရေးကို အခြေခံ ဖြစ်တာတွေရှိတယ်။ ပဋိပက္ခတွေဖြစ်ပြီဆိုတာနဲ့ ပဋိပက္ခရဲ့ ဝန်ထုပ်ဝန်ပိုးကို ခံစားရတာ ပြည်သူလူထုပဲဖြစ်ပါ တယ်။ ပဋိပက္ခတွေ ကြာလာတာနဲ့အမျှ အသက်ဆက်နိုင်ဖို့ ကျနော်တို့ မြေပေါ်၊ မြေအောက် သယံဇာတတွေ၊ ထုတ်ယူသုံးစွဲတာတွေရှိတယ်။ ဂေဟစနစ်တွေ ပျက်စီးတာတွေရှိတယ်။ ဒါတွေဟာကလည်း ပဋိပက္ခရဲ့ ဝန်ထုတ် ဝန်ပိုးကို ခံစားရတာဖြစ်ပါတယ်။
"ဒါကြောင့် NCA ထိုးပြီးတဲ့ နောက်ပိုင်းမှာဆိုရင် ဖွဲ့စည်းထားတဲ့ UPDJC ၊ JMC တွေ ဖွဲ့စည်းဆောင်ရွက်ခဲ့ လို့ လက်မှတ်ထိုးထားတဲ့ ဧရိယာတွေမှာ ပဋိပက္ခတွေ နည်းသွားတယ်။ ပြည်သူလူထုခံစားရတဲ့ ဝန်ထုပ်ဝန်ပိုး တွေ လျော့ချနိုင်တယ်။ အဓိကအားဖြင့် အဲ့ဒီ ဒေသမှာရှိတဲ့ သယံဇာတတွေကိုလည်း လုပ်ထုံးလုပ်နည်းနဲ့အညီ ထုတ်ယူနိုင်အောင်စနစ်တကျဆောင်ရွက်လာတာတွေ တွေ့ရတယ်။
"သယံဇာတမရှိတဲ့နေရာတွေမှာ ပဋိပက္ခအသက်ဆက်နိုင်ဖို့အတွက် မူးယစ်ဆေးဝါး ထုတ်လုပ်တာတွေ၊ မူးယစ်ဆေးဝါးရောင်းဝယ်တာတွေ၊ ဒါတွေဟာလည်း တွေ့ကြုံရပါတယ်။ သို့သော်လည်း လက်မှတ်ထိုးထားတဲ့ ဧရိယာတွေမှာတော့ နှစ်ဖက်ညှိနှိုင်းပြီးတော့မှ ဒီ ပြဿနာကို ဖြေရှင်းလာတဲ့အတွက် အများကြီးပဲ လျော့ကျလာ တာတွေ့ရပါတယ်။ ဒါကလည် NCA ထိုးလိုက်လို့ ဖြစ်လာတဲ့ ရလဒ်ပဲလို့ ပြောလို့ရပါတယ်" ဟု ၎င်းက ပြောသည်။
JMC သည် NCA ပါ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာကိစ္စရပ်များကို စောင့်ကြည့်ရသည့်အတွက် စောင့်ကြည့်ရေးလုပ်ငန်းစဉ်များ ပိုမိုပီပြင်စွာ ဆောင်ရွက်နိုင်ရန် ပဋိပက္ခဖြစ်ပွားနိုင်သည့် နယ်မြေဒေသများတွင် စောင့်ကြည့်မည့် ဒေသခံအရပ်သားစောင့်ကြည့်သူ (Local Civilian Monitors – LCM) များ ဖွဲ့စည်းဆောင်ရွက် သွားနိုင်ရေးအတွက် JMC-U ၏ ၁၀ ကြိမ် (၁၇) ကြိမ်နှင့် (၁၈) ကြိမ်မြောက်အစည်းအဝေးတို့တွင် သဘောတူ ဆုံးဖြတ်ချက်များ ချမှတ်ထားရှိခဲ့ကြပြီးဖြစ်ကြောင်း ပြောသည်။
အစည်းအဝေးသို့ အစိုရကိုယ်စားလှယ် (၁၁) ဦး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် (၉)ဦး၊ အရပ်သားကိုယ်စားလှယ် (၆)ဦးနှင့် NRPC မှ တာဝန်ရှိသူ ၁၇ ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။
crd-Myanmar Harp #Myanmar_Online_News
>>Zawgyi<<

အစည်းအဝေးသို့ အစိုရကိုယ်စားလှယ် (၁၁) ဦး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် (၉) ဦး၊ အရပ်သားကိုယ်စားလှယ် (၆) ဦးနှင့် NRPC မှ တာဝန်ရှိသူ ၁၇ ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။
crd-Myanmar Harp #Myanmar_Online_News

0 comments:

Post a Comment