Monday, July 6, 2020

အင်ဒိုနီးရှားရေတပ်သည် Iver Huitfedlt Class ဖရီဂိတ်စစ်ရေယာဉ် ၂ စီး တည်ဆောက်ရေးအတွက် သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်းအားကြေညာချက်ထုတ်ပြန်ခြင်း

အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီးဌာနသည် Danish Odense Maritime Technology ၏ ထောက်ပံ့မှုဖြင့် Iver Huitfedlt Class ဖရီဂိတ်စစ်ရေယာဉ် ၂ စီး တည်ဆောက်ရေးအတွက် သဘောတူစာချုပ် ချုပ်ဆိုခဲ့ ကြောင်း ၄-၇-၂၀၂၀ ရက်နေ့က သတင်းထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါစစ်ရေယာဉ်တည်ဆောက်ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၇၂၀ မီလီယံခန့် ကုန်ကျမည်ဖြစ်ပြီး ၅ နှစ်အတွင်း အပြီးသတ်တည်ဆောက်သွားရန် လျာထားကြောင်းသိရှိရပါသည်။
Iver Huitfedlt အတန်းအစား ဖရီဂိတ်စစ်ရေယာဉ်သည် အရွယ်အစားအားဖြင့် အလျား ၁၃၈.၇ မီတာ၊ အနံ ၁၉.၇၅ မီတာ၊ ရေစူး ၅.၃ မီတာနှင့် တန်ချိန်ပေါင်း ၆၅၀၀ တန်ရှိသည်။ ရေယာဉ်တွင် MTU 20 V 8000 M70 ဒီဇယ်အင်ဂျင် (CODAD) ၄ လုံးတပ်ဆင်ထားရှိပြီး အမြန်နှုန်း တစ်နာရီ ၂၈ မိုင်ခန့်မောင်း နှင်စစ်ဆင်နိုင်မည်ဖြစ်သည်။ အဆိုပါစစ်ရေယာဉ်များတွင် လေကြောင်းရန်ကာကွယ်ရေး Mk-41 ဒေါင်လိုက်ပစ်စနစ်ဒုံးပျံ ၈ လုံး၊ Mk-56 ဒေါင်လိုက်ပစ်စနစ်ဒုံးပျံ ၁၂ လုံး၊ Harpon ရေယာဉ် ဖျက်ဒုံးပျံ ၁၆ စင်း၊ ၇၆ မမ OTO Melara ၂ လက်၊ ၃၅ မမ Oerlikon Milleniun အမြောက် ၂ လက်နှင့် သုံးမွှာပူးတော်ပီဒိုပစ် လောင်ချာ ၂ ခုတို့ တပ်ဆင်ထားရှိမည်ဖြစ်ကြောင်း သိရသည်။
ရေယာဉ်ပေါ်၌ အလတ်စား ရဟတ်ယာဉ်များတင်ဆောင်နိုင်သည့် ရဟတ်ယာဉ်ကွင်းနှင့် ရဟတ်ယာဉ် သို လှောင်ရုံပါရှိမည်ဖြစ်သည်။ လက်ရှိအချိန်တွင် အဆိုပါစစ်ရေယာဉ် အတန်းအစားများအား ဒိန်းမတ်ရေတပ်တွင် အသုံးပြုလျက်ရှိပြီး လေကြောင်းရန် ကာကွယ်ရေးအတွက် အထူးပြုတည်ဆောက်ထားသော ဖရီဂိတ်စစ်ရေယာဉ်ဖြစ် ကြောင်းတွေ့ရှိရပါသည်။ အဆိုပါစစ်ရေယာဉ်များအား ရေယာဉ်တည်ဆောက်ရေးလုပ်ငန်းဖြစ်သော Odense Steel နှင့် Baltija တို့မှ တည်ဆောက်ထားခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။ အင်ဒိုနီးရှားရေတပ်အတွက် အဆိုပါအတန်းအစားစစ်ရေယာဉ် ၂ စီး သည် ကြီးမားသောဖရီဂိတ်စစ်ရေယာဉ်လိုအပ် ချက်အား ဖြည့်တင်းပေးနိုင်မည်ဖြစ် ကြောင်းတွေ့ရှိရသည်။ ၎င်းတို့အားပိုင်ဆိုင်လာမည်ဆိုပါက အရှေ့ တောင်အာရှတွင် တိုက်စွမ်းအားကြီးမားသော ရေယာဉ်များပိုင်ဆိုင်သည့် ရေတပ်တစ်ခုဖြစ်လာမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
Source - Mg Moe

0 comments:

Post a Comment