Friday, July 17, 2020

ဒေါက်တာ မောင်သင်း လွှတ်တော်တွင် မေးမြန်းခဲ့သော ICJ တွင်တရားရင်ဆိုင်ခြင်းကိစ္စအတွက် စုစုပေါင်း ကုန်ကျငွေဒေါ်လာသန်း(၆၈၀) အားနိုင်ငံခြားရေးဝန်ကြီးဌာန၏ သာမန်အသုံးစရိတ်ခေါင်းစဉ်အောက်မှအစစ်ဆေးခံမည်ဟုသိရ

မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး၌ ဂမ်ဘီယာနိုင်ငံကတရားလိုပြုလုပ်၍ တရားစွဲဆိုမှုကိုရင်ဆိုင်ဖြေရှင်းရာတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊နိုင်ငံခြားရေးရာဉီးစီးဌာနမှလုပ်အားအတွက် ကုန်ကျ စရိတ်အဖြစ် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ဖြည့်စွက်ခွင့်ပြုငွေတောင်းခံသည့်လိုငွေကျပ်သန်း ၆၈၀ တောင်းခံရာတွင်ကျွမ်းကျင်ပညာရှင်ရှေ့နေများငှားရမ်းခြင်း၊သီးသန့်တရားသူကြီး ငှားရမ်းခြင်း၊ဥပဒေအကြံပေးများခန့်အပ်ခြင်းများအား တစ်ဦးချင်းစီအလိုက်မည်မျှကုန်ကျသည်ကိုအသေးစိတ်ရှင်းလင်းပေးရန်ကိစ္စနှင့်ပက်သက်ပြီးနိုင်ငံခြားရေးဝန်ကြီးဌာန၏ သာမန်အသုံးစရိတ်ခေါင်းစဉ်အောက်မှအစစ်ဆေးခံသွားမည်ဖြစ်ကြောင်းအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးကျော်တင်ကပြောသည်။
"ပထမအချက်ဖြစ်တဲ့ ICJ မှာတရားရင်ဆိုင်ခြင်းကိစ္စဟာနိုင်ငံတော်နဲ့ပြည်သူတစ်ရပ်လုံးရဲ့အကျိုးစီးပွား၊နိုင်ငံတော်ရဲ့ပုံရိပ်နဲ့ သက်ဆိုင်ပြီးအရေးကြီးကိစ္စဖြစ်တဲ့အတွက် တရားရင်ဆိုင်ရာမှာကုန်ကျရတဲ့ကျွမ်းကျင်ပညာရှင်ရှေ့နေများငှားရမ်းခြင်း၊ဥပဒေအကြံပေးများခန့်အပ်ခြင်းအသုံးစရိတ်တွေဟာနိုင်ငံတော်ရဲ့ဘဏ္ဍာငွေကကျခံသုံးစွဲခွင့်ရှိတဲ့ကိစ္စဖြစ်တဲ့အပြင်ဒီအသုံးစရိတ်တွေဟာနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့သာမန်အသုံးစရိတ်တွေဖြစ်တဲ့အပြင် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ စီမံကိန်း၊ဘဏ္ဍာရေးနဲပစက်မှုဝန်ကြီးဌာနအောက်ရှိကော်မတီသုံးရပ်၊စီမံကိန်း၊ဘဏ္ဍာရေးနဲ့စက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနဲ့ဒုတိယသမ္မတအဆင့်အထိတစ်ဆင့်ပြီးတစ်ဆင့်စိစစ်စစ်ဆေးပြီးမှပြည်ထောင်စုလွှတ်တော်ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီတို့ကအသေးစိတ်အဆင့်ဆင့်စိစစ်အတည်ပြုခွင့်ပြုပေးခဲ့တဲ့အသုံးစရိတ်တွေဖြစ်ပါတယ်။
မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံးမှာဂမ်ဘီယာနိုင်ငံရဲ့တရားစွဲဆိုမှုကို ဖြေရှင်းရာမှာနိုင်ငံခြားရေးဝန်ကြီးဌာန၊နိုင်ငံခြားရေးရားဦးစီးဌာနတွေရဲ့လုပ်အားခအတွက်ကုန်ကျငွေအဖြစ် ၂၀၁၉-၂၀ဘဏ္ဍာရေးနှစ်ဖြည့်စွက်ခွင့်ပြုငွေကျပ်သန်း ၆၈၀ တောင်းခံခဲ့တဲ့ကိစ္စဖြစ်ပါတယ်"ဟုဆိုသည်။
၎င်းအပြင်ဝန်ကြီးဌာန၏အတွင်းစာရင်းစစ်အဖွဲ့နှင့်ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ စာရင်းစစ်အဖွဲ့မှဘဏ္ဍာရေးစည်းမျဉ်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ သုံးစွဲခြင်းရှိ/မရှိနှင့် အသုံးစရိတ်များ မှန်ကန်မှုရှိ/မရှိကို အသေးစိတ် စစ်ဆေးခံသွားမည်ဖြစ်ပါကြောင်း၊အဆိုပါသုံးစွဲစရိတ်များနှင့်ပတ်သက်ပြီးလုပ်ထုံးလုပ်နည်းဘဏ္ဍာရေးစည်းမျဉ်း၊စည်းကမ်းများနှင့်မညီညွတ်ကြောင်းတွေ့ရှိပါကပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းမည့်အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြသွားမည် ဖြစ်ပါကြောင်းနှင့် ICJ တွင် ရင်ဆိုင်နေရသည့်အမှုအတွက် မိမိတို့ငှားရမ်းထားသည့် နိုင်ငံတကာရှေ့နေကြီး၏အခကြေးငွေများ၊ အသုံးစရိတ်များကိုအသေးစိတ် ထုတ်ဖော်ပြောကြားခြင်းမပြုရန် ကျင့်ဝတ်ကို လိုက်နာရန်တာဝန်လည်းရှိ၍ ICJ ၌တရားရင်ဆိုင်ရာတွင်ကုန်ကျရသည့်အသုံး စရိတ်ရှင်းတမ်း၊ခရီးစရိတ်ကုန်ကျငွေနှင့်လေးလံပစ္စည်းသယ်ယူစရိတ်များ၏ အသေးစိတ်ရှင်းတမ်းများကိုဘဏ္ဍာရေးစည်းမျဉ်း၊လုပ်ထုံးလုပ်နည်းနှင့်အညီစာရင်းစစ်အဖွဲ့တွင်စစ်ဆေးခံသွားမည်ဖြစ်သည့်အတွက်ပြည်သူ့လွှတ်တော်တွင်သီးခြားရှင်းလင်းတင်ပြရန်အစီအစဉ်မရှိကြောင်းလည်းထည့်သွင်းပြောကြားခဲ့သည်။

0 comments:

Post a Comment