Wednesday, July 15, 2020

အမေရိကန်သမ္မတဒေါ်နယ်ထရန့်မှ Hong Kong Autonomy Act အား လက်မှတ် ရေးထိုးခဲ့ပြီး ဟောင်ကောင်၏ ကုန်သွယ်ရေးအထူးအခွင့်အရေးကို အဆုံးသတ်

ဇူလိုင်လ ၁၄ ရက်နေ့တွင် အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် ဟောင်ကောင် အပေါ် ဘေကျင်း၏ လုပ်ဆောင်မှုများကို တုံ့ပြန့်သည့်အနေဖြင့် တရုတ်နိုင်ငံအား အရေးယူမှုနှစ်ခုပြုလုပ်ခဲ့ပါသည်။
အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် ဟောင်ကောင်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ဖျက်ဆီးရာတွင်ပါဝင်ခဲ့သည့် လူပုဂ္ဂိုလ်များနှင့် ၎င်းတို့နှင့် ပတ်သက်သောဘဏ်များကို အရေးယူပိတ်ဆို့မှုများချမှတ်နိုင်မည့် Hong Kong Autonomy Act နှင့် ဟောင်ကောင်၏ ကုန်သွယ်မှုဆိုင်ရာအခွင့်အလမ်းများကို အဆုံးသတ်စေမည့် စီရင်ဆုံးဖြတ်ပိုင်ခွင့်အမိန့်ကို လက်မှတ်ရေးထိုးခဲ့ပါသည်။
အိမ်ဖြူတော်ရှိ နှင်းဆီဥယျာဉ်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သမ္မတ ဒေါ်နယ်ထရန့်မှ “ ဟောင်ကောင်ကိုလည်း တရုတ်ပြည်မကြီးကဲ့သို့ ပြုမူဆက်ဆံရမည် ဖြစ်ကြောင်း၊ အထူးအခွင့်အရေးများ၊ စီးပွား ရေးဆက်ဆံမှုများနှင့် နည်းပညာဆိုင်ရာ တင်ပို့မှုများ ရှိမည်မဟုတ်ကြောင်း” ပြောကြားခဲ့ပါသည်။
စီရင်ဆုံးဖြတ်ပိုင်ခွင့်အမိန့်သစ်၏ ပြဋ္ဌာန်းချက်များ အကျိုးသက်ရောက်မည့် အချိန်နှင့် ညွှန်ကြားချက်ပါအကြောင်းအရာများအား ထုတ်ပြန်မည့်အချိန်ကို သမ္မတ ဒေါ်နယ်ထရန့်မှ ပြောကြားခဲ့ခြင်းမရှိပါ။ ဟောင်ကောင်အပေါ် တရုတ်နိုင်ငံ၏ အမျိုးသားလုံခြုံရေးဥပဒေပြဋ္ဌာန်းမှုကို လက်တုံ့ပြန်သည့်အနေဖြင့် သမ္မတဒေါ်နယ်ထရန့်မှ စီရင်ဆုံးဖြတ်ပိုင်ခွင့်အမိန့်နှင့် Hong Kong Autonomy Act အား လက်မှတ်ရေးထိုးခဲ့ပါသည်။
အမေရိကန်သမ္မတဒေါ်နယ်ထရန့်မှ ဟောင်ကောင်အရေးနှင့်ပတ်သက်၍ တရုတ် နိုင်ငံအား အပြစ်ပေးရန် အမေရိကန်အစိုးရ၏ လုပ်ဆောင်မှုများကို သတင်းစာ ရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။
သတင်းထောက်တစ်ဦးမှ အမေရိကန်သမ္မတဒေါ်နယ်ထရန့်အား သမ္မတ ရှီကျင့်ဖျင်နှင့် ဆွေးနွေးမှုပြုလုပ်ရန် အစီအစဉ် ရှိ/မရှိ မေးမြန်းခဲ့ရာ ၎င်းအနေဖြင့် ထိုသို့ ပြုလုပ်ရန် စီစဉ်ထားခြင်းမရှိကြောင်း ၎င်းမှ ပြန်လည်ဖြေကြားခဲ့ပါသည်။
Source - South China Morning Post

0 comments:

Post a Comment