Saturday, July 11, 2020

တရားရုံး၏ဆုံးဖြတ်ချက်ဖြင့် တူရကီရှိ နာမည်ကျော် ခရစ်ယာန်ဘုရားကျောင်း Hagia Sophia ပြတိုက်ကို ဗလီအဖြစ်သို့ပြောင်းလဲ

တူရကီ၏အမြင့်ဆုံးတရားရုံးက အဆိုပါဘုရားကျောင်းကို ပြတိုက်အဖြစ်မှ ရုတ်သိမ်းလိုက်ကြောင်း အမိန့်ချမှတ်လိုက်ပြီး မိနစ်အနည်းငယ်အတွင်း၌ပင် ဗလီအဖြစ်သို့ပြောင်းလဲရန် သမ္မတအာဒိုဂန်ကလက် မှတ်ရေးထိုးအမိန့်ချလိုက်ခြင်းဖြစ်သည်။
၁၉၃၄ ခုနှစ်က Hagia Sophia ကို ပြတိုက်အဖြစ် ပြောင်းလဲခဲ့သည့် တူရကီအစိုးရအဖွဲ့၏ဆုံးဖြတ်ချက် ကို ယခုနိုင်ငံတော်ကောင်စီကဖျက်သိမ်းခဲ့ပြီး ဗလီ အ ဖြစ်ပြောင်းလဲလိုက်ခြင်းဖြစ်သည်။
Hagia Sophia ကို ခြောက်ရာစုအတွင်းက ဘုရားရှိခိုးကျောင်းအဖြစ် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာပေါ်တွင် ဘိုင်ဇန်တိုင်းခရစ်ယာန်ဗိသုကာလက်ရာ ၏အကောင်းဆုံးပုံစံသက်သေတစ်ခုအဖြစ် ထင်ရှားသည့်အဆောက်အဦးဖြစ်သလို ခရစ်ယာန်နှင့် မွတ်စလင်များ၏ပြိုင်ဆိုင်မှုကြားမှ အရင်းအမြစ်တစ်ခုလည်း ဖြစ်ခဲ့သည်။
အဆိုပါအဆောက်အဦးကို ဗလီအဖြစ် နောက်ဆုံးအသုံးပြုခဲ့သည်မှာ မွတ်စလင်အော်တိုမန် အင်ပါယာ လက်ထက်ကဖြစ်ပြီး အော်တိုမန်အင်ပါယာကို အောင်နိုင်ပြီးနောက် ခရစ်ယာန်မူဘောင်အတွင်း၌ ထောင်စုနှစ်တစ်ခုနီးပါး တည်ရှိခဲ့သည်။
လွန်ခဲ့သည့် နှစ် ၈၀ ကျော် ၁၉၃၄ ခုနှစ်အတွင်းကမူ အဆိုပါ Hagia Sophia ကို ပြတိုက်အဖြစ်ပြောင်းလဲဖွင့်လှစ်ရန် တူရကီအစိုးရအဖွဲ့က ဆုံးဖြတ်ခဲ့သည်။ ယခုကဲ့သို့ ဗလီအဖြစ်ပြန်လည်အသုံးပြုရန် ဆုံးဖြတ် ခဲ့ခြင်းနှင့်ပတ်သက်ပြီး တူရကီသမ္မတ အာဒိုဂန်က တူရကီနိုင်ငံ၏ ရပိုင်ခွင့်အဖြစ်ကာကွယ်ခဲ့သလို တူရကီများစွာ၏ဆန္ဒကို ကိုယ်စားပြုသည်ဟုလည်း ပြောကြားခဲ့သည်။
နိုင်ငံသို့ရုပ်သံမှပြောကြားခဲ့သည့် မိန့်ခွန်းတွင်လည်း လွန်ခဲ့သည့် အနှစ် ၈၀က ဗလီအဖြစ်မှပြတိုက်အဖြစ် သို့ပြောင်းလဲခဲ့ခြင်းသည် တရားမဝင်ကြောင်း၊ ဗလီကို မွတ်စလင်မဟုတ်သူများအတွက်လည်း ဆက်လက်ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း ပါရှိခဲ့သည်။ ထို့အတူ လာမည့် ဇူလိုင်၂၄ တွင် Hagia Sophia ဗလီ ကို ဝတ်ပြုဆုတောင်းသူများအတွက် ပထမဆုံ းအကြိမ်ဖွင့်ပေး သွားမည်ဟုလည်း သမ္မတ အာဒိုဂန်က ပြောကြားခဲ့သည်။
Hagia Sophia ကို ပြတိုက်အဖြစ်မှဗလီအဖြစ်သို့ပြန် လည်ပြောင်းလဲရန်ဆုံးဖြတ်လိုက်သည်ဆိုသည့် ကြေညာချက်ထွက်ပေါ်လာပြီးအချိန်တွင် Hagia Sophia အပြင်ဘက်၌ စုဝေးနေသည့် ဒါဇင်ပေါင်းများစွာသောတူရကီပြည်သူများက " အလ္လာဟ်အရှင်မြတ်သည် အလွန်ကြီးမြတ်တော်မူ၏" ဟု သံပြိုင် အော်ဟစ်ခဲ့ကြသည်။
Hagia Sophia အဆောက်အဦးမှာ အာဒိုဂန်၏ လက် ထက်တွင် ဗလီအဖြစ်သို့ပြန်လည် ပြောင်းလဲလိုက်သည့် စတုတ္ထမြောက်ဘိုင်ဇန်တိုင်းဘုရားကျောင်း ပြတိုက်များထဲမှ အထင်ရှားဆုံးဖြစ်သည်။ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းကလည်း အစ္စတန်ဘူလ်မြို ့ရှိ ထင် ရှားသည့် Chora ဘုန်းတော်ကြီးကျောင်းကို ဗလီအဖြစ် ပြန်လည်ပြောင်းလဲခဲ့သေးသည်။
မွတ်စလင်ဘာသာရေးတရားကိုင်းရှိုင်းသည့် တူရကီသမ္မတအာဒိုဂန်သည် Hagia Sophia အရေးကိစ္စကို မကြာခဏအသုံးပြု၍ ၎င်း၏ Justice and Development Part ပါတီအပေါ် တူရကီပြည်သူများ ၏ ထောက်ခံမှုကိုရယူခဲ့သည်။ ယခုကိစ္စတွင်လည်း သမ္မတအာဒိုဂန်မှာ ၎င်း၏ အစ္စလာမ်မစ်အမာခံ ပါတီအပေါ် ထောက်ခံမှုရရှိစေရေးအတွက် အမျိုးသားရေးဝါဒီ အမြင်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သုံးသပ်နေကြသည်။

0 comments:

Post a Comment