Tuesday, July 14, 2020

အိန္ဒိယတွင် ဒစ်ဂျစ်တယ်နည်းပညာများ ပိုမိုအသုံးပြုနိုင်ရေးအတွက် Google အနေဖြင့် ဒေါ်လာ ၁၀ ဘီလျံရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်းသိရ

Google က အိန္ဒိယမှာ လာမယ့်ငါးနှစ်ကနေ ခုနှစ်နှစ်အတွင်း ဒေါ်လာ ၁၀ ဘီလျံရင်းနှီးမြှုပ်နှံသွားမယ်လို့ Alphabet Inc ကုမ္ပဏီက ကြေညာလိုက်ကြောင်း သိရပါတယ်။
အမှုဆောင်အရာရှိချုပ် Sundar Pichai က ဒီရင်းနှီးမြှုပ်နှံမှုကို အိန္ဒိယနိုင်ငံမှာ ဝန်ဆောင်မှုအသစ်တွေပေးနိုင်ရေးနဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ဒစ်ဂျစ်တယ်နည်းပညာတွေအသုံးပြုနိုင်ရေးအတွက် အသုံးသွားမယ်လို့ ဆိုခဲ့ပါတယ်။
အင်တာနက်အသုံးပြုသူသန်း ၅၀၀ ကျော်ရှိတဲ့အိန္ဒိယနိုင်ငံဟာ Google အတွက် အလားအလာအရှိဆုံးစျေးကွက်တစ်ခုဖြစ်ပါတယ်။
India Digitisation Fund ကတစ်ဆင့် အိန္ဒိယနိုင်ငံသားတိုင်း ကိုယ်ပိုင်ဘာသာစကားနဲ့သတင်းအချက်အလက်များဖတ်ရှု့နိုင်ရေး၊ အိန္ဒိယရဲ့ အခြေခံလိုအပ်ချက်တွေနဲ့အညီ ဝန်ဆောင်မှုအသစ်များပေးနိုင်ရေး၊ ဒေသတွင်းစီးပွားရေးလုပ်ငန်းများအတွက် ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုနိုင်ရေး၊ ကျန်းမာရေး၊ ပညာရေးနဲ့လယ်ယာစိုက်ပျိုးရေးကဏ္ဍတွေမှာ လူသားမှတ်ဉာဏ်တုနည်းပညာအသုံးပြုနိုင်ရေးတို့ကို အဓိကထားလုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
Asteria (14.7.2020)
Ref: BBC

0 comments:

Post a Comment