Friday, July 10, 2020

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဂျပန်နိုင်ငံအား အမေရိကန်ဒေါ်လာ ၂၃ ဘီလီယံတန်ဖိုးရှိ F-35 တိုက်လေယာဉ်များကို ရောင်းချရန်သဘောတူ

အမေရိကန်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနမှ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၂၃ ဘီလီယံတန်ဖိုးရှိ Lockheed Martin F-35 တိုက်ခိုက်ရေးဂျက်လေယာဉ် ၁၀၅ စင်းကို ဂျပန်နိုင်ငံသို့ရောင်းချရန် သဘောတူခဲ့ကြောင်း ဇူလိုင်လ ၉ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။
ဂျပန်နိုင်ငံမှတောင်းဆိုချက်တွင် F-35A ၆၃ စင်း၊ F-35B aircraft ၄၂ စင်း၊ Pratt ၁၁၀ စင်း နှင့် Whitney F135 engine များနှင့် ဆက်စပ်ပစ္စည်းများပါဝင်ပြီး တင်သွင်းထားသည့်ရောင်းချမှုတွင် နည်းပညာဆိုင်ရာထောက်ပံ့မှုနှင့် သင်ကြားမှုတို့ ပါဝင်ပါသည်။
အမေရိကန်နိုင်ငံအနေဖြင့် ဂျပန်နိုင်ငံအပေါ် ခိုင်မာပြီး ထိရောက်မှုရှိသော self-defence capability ကို ထိန်းသိမ်းရန်နှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင် ကူညီရန်မှာ မရှိမဖြစ်လိုအပ်ကြောင်း ဝန်ကြီးဌာနမှပြောကြားခဲ့ပါသည်။ ဒေသတွင်းရှိ စစ်ရေးဟန်ချက်မှာ ပြောင်းလဲမှုရှိမည်မဟုတ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့ပါသည်။
F-35 တိုက်လေယာဉ်များသည် Texasပြည်နယ် Fort Worth ရှိ Lockheed Martin စက်ရုံမှထုတ်လုပ်ခြင်းဖြစ်ပြီး ၎င်းတိုကို ဂျပန်နှင့် အီတလီစက်ရုံတွင် စစ်ဆေး မှုများပြုလုပ်ပါသည်။
ကိုရိုနာဗိုင်းရပ်ရောဂါကြောင့် ဂျပန်ကုမ္ပဏီဖြစ်သော Mitsubishi Heavy ကို တစ်ပတ်ကြာပိတ်ခဲ့ရကြောင်း ပင်တဂွန်စစ်ဌာနချုပ်မှ ပြောကြားခဲ့ပါသည်။
>>Zawgyi<<

0 comments:

Post a Comment