Monday, July 6, 2020

Covid သက်တမ်း နှစ်တစ်ဝက်ကျော်လာပြီး ရောဂါထက် ပိုမိုအင်အားရှိပြီး ရှင်သန်နိုင်စွမ်းရှိတယ်ဆိုတာ ပြသနိုင်ရန် ပြည်တွင်းပြည်ပ အားလုံး ပူးပေါင်းဆောင်ရွက်ရန် အတိုင်ပင်ခံပြောကြား

နောက်ဆုံးရထားတဲ့ကိန်းဂဏန်းတွေအရ၊ မနေ့ကအထိ Quarantine ဝင်နေဆဲ အရေ အတွက် (၂၄၃၀၄)ဦးဖြစ်ပါတယ်။ Quarantine နေရာတွေက တစ်နိုင်ငံလုံးမှာ (၆၁၉၅)ခု ရှိပါတယ်။ ပြင်ပမှ ပြန်လာတဲ့ ပြည်သူတွေ အရေအတွက်ကတော့ ကချင်၊ ကယား၊ ကရင်၊ တန င်္သာရီ၊ ရှမ်း၊ ရန်ကုန်(လေဆိပ်) အားလုံးပေါင်းလိုက်ရင် တစ်နေ့ကို (၁၀၀၀) ကျော် ရှိနေပါသေးတယ်။
နိုင်ငံရပ်ခြား ရောက်နေတဲ့ ပြည်သူတွေ အမြန် ပြန်လာချင်တယ်ဆိုတာ ကျွန်မတို့ နားလည်ပါတယ်။ ဒါပေမဲ့ စနစ်တကျ ပြင်ဆင်မှု မရှိဘဲ အများကြီး ပြုံပြီးဝင်လာခွင့်ပေးရင် လိုအပ်တဲ့ စောင့်ရှောက်မှု ပေးနိုင်မှာ မ ဟုတ်ပါဘူး။ Covid ရောဂါ ကူးစက်ခံထားရသူများလည်း ပါလာတာကြောင့် စစ်ဆေးရေး အစီအစဉ်တွေသာမက၊ လိုအပ်ရင် ``` ကုသ ပေးရေးအတွက်ပါ စဉ်းစားလုပ်ဆောင်ရပါတယ်။ ပြန်လာသူတွေ များလာတာနဲ့အမျှ၊ Quarantine လုပ်ထားတဲ့နေရာတွေ မလုံ မလောက်ဖြစ်မှာကို သတိထားရတဲ့အပြင်၊ ဆေးရုံနေရာတွေ၊ ဆေးတွေ၊ ကုသရေးပစ္စည်းတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ ပြည့်စုံဖို့အတွက် ဆောင်ရွက်ရပါတယ်။
အားလုံးအတွက် အဆင်ပြေနိုင်ဖို့၊ ပြည်တွင်းကို ပျံသန်းတဲ့ လေယာဉ် အရေအတွက်ကို ကန့်သတ်ထားတာပါ။ ပြန်လာကြဖို့ စောင့်နေတဲ့ ပြည်သူတွေ သည်းခံပေးကြပါ။ စည်းကမ်းတင်းကျပ်လွန်းတယ် မထင်ပါနဲ့။ အချို့နိုင်ငံတွေမှာ တစ်နေ့တည်း သောင်းဂဏန်းနဲ့ချီပြီး ရောဂါဖြစ်နေပါသေးတယ်။
ဘာလိုလိုနဲ့ Covid သက်တမ်း နှစ်တစ်ဝက်ကျော်ခဲ့ပြီး၊ ရောဂါထက် ကျွန်မတို့က ပိုပြီး အင်အားရှိတယ်။ ပိုပြီးရှင်သန်နိုင်စွမ်းရှိတယ်ဆိုတာ ပြသနိုင်ဖို့ ပြည်တွင်း၊ ပြည်ပ ပြည်သူတွေအားလုံး ဆက်ပြီး ပူးပေါင်းဆောင်ရွက်ဖို့လိုပါတယ်။
Source - Aung San Suu Kyi

0 comments:

Post a Comment