Sunday, July 19, 2020

အင်ဒိုနီးရှားမှာ COVID ကူးစက်ခံရမှုနှုန်း တရုတ်ကို ကျော်လွန်ပြီး အရှေ့အာရှဒေသမှာ ရောဂါကူးစက်ခံရမှု အများဆုံးနိုင်ငံ ဖြစ်လာ

မနေ့ စနေနေ့က အင်ဒိုနီးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူဦးရေ ၈၄,၀၀၀ ကျော်သွားတဲ့အတွက် တရုတ်နိုင်ငံကို ကျော်လွန်ပြီး အရှေ့အာရှဒေသမှာ ရောဂါကူးစက်ခံရမှု အများဆုံးနိုင်ငံ ဖြစ်လာပါတယ်။
ရောဂါရှာဖွေဖော် မထုတ်နိုင်သေးတဲ့ သူတွေလည်း ရှိတာကြောင့် ဒီထက်လည်း ပိုများနိုင်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
စနေနေ့တရက်တည်း ကူးစက်သူ လူနာသစ် ၁,၇၀၀ ကျော်နဲ့ သေဆုံးသူ ၅၉ ယောက်ရှိပြီး အခုထိ သေဆုံးသူ ၄,၀၀၀ ကျော်ရှိပါတယ်။ မနှစ်နှောင်းပိုင်းက COVID-19 စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့ သောကြာနေ့အထိ ကူးစက်သူ ၈၃,၀၀၀ ကျော်နဲ့ သေဆုံးသူ ၄,၆၀၀ ကျော်ရှိပါတယ်။
အင်ဒိုနီးရှားနိုင်ငံက တခြား အိမ်နီးချင်းနိုင်ငံတွေလောက် ရောဂါတားဆီးရေး တင်းတင်းကျပ်ကျပ် မဆောင်ရွက်သလို ရောဂါစမ်းသပ်စစ်ဆေးမှု နည်းပါးတဲ့အပေါ် ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ ပညာရှင်တွေက ဝေဖန်မှုတွေ ရှိနေပါတယ်။
လူဦးရေထူထပ်တဲ့ အနောက်ဂျာဗားပြည်နယ်မှာတော့ အများပြည်သူ သွားလာတဲ့ နေရာတွေမှာ နှာခေါင်းစည်း မတပ်သူတွေကို ဇူလိုင်လ ၂၇ ရက်နေ့ကစပြီး ဒဏ်ရိုက်မယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး Ridwan Kamil က တွစ်တာကတဆင့် ပြောပါတယ်။
>>Zawgyi<<

0 comments:

Post a Comment