Wednesday, July 15, 2020

ကိုယ့်မြို့က စည်းကမ်းလိုက်နာတဲ့နေရာမှာ အတော်ဆုံးဆိုတာပြနိုင်အောင်ကြိုးစားပြီး Covid နိုင်ပွဲ ပန်းတိုင်ကို မရောက်မချင်းတက်မထောင်ကြရန် အတိုင်ပင်ခံ ပြောကြား

မြန်မာနိုင်ငံရဲ့ မြို့ကြီး သုံးမြို့ကတော့ နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေး တို့ဖြစ်ပါတယ်။ မန္တလေးနဲ့ရန်ကုန်က သူ့သမိုင်းနဲ့သူ၊ သူ့ဝိ သေသတွေနဲ့သူပါ။ နေပြည်တော်ကတော့ နောက်ရောက်အသစ်က လေး(အသစ်ကြီးလို့လည်း ပြောနိုင်ပါတယ်) ပေါ့။
ယခု covid ကာလမှာ သတိအထူးထားပြီး စီစဉ်ရတာကတော့ ရန်ကုန် အတွက်ဖြစ်ပါတယ်။ လူဦးရေကလည်း အများဆုံး၊ ပြည်တွင်း ရော ဂါ ပြန့်ပွါးမှုကလည်း အမြင့်မားဆုံးနေရာ ဖြစ်နေလို့ပါ။ ရောဂါအခြေ အနေကြည့်ပြီး ဖြေလျှော့ပေးနိုင်တာတွေကို ဖြေလျှော့ပေးပါတယ်။
မန္တလေးအခြေအနေက ရန်ကုန်လောက် စိုးရိမ်စရာမရှိပေမဲ့ တိုင်းအစိုးရက စည်းမျဉ်းစည်းကမ်းများ ဂရုစိုက်ပြီး သတ်မှတ်ပါတယ်။
နေပြည်တော်က လူနေမှု မထူထပ်ဘူး၊ လူဦးရေကလည်း မများတော့ ရန်ကုန်၊ မန္တလေးတို့လောက် ရောဂါအန္တရာယ် မများဘူးလို့ ပြောနိုင် ပေမဲ့၊ ပြည်ထောင်စုအစိုးရရုံးစိုက်ရာမြို့ဖြစ်လို့ အထူးသတိထားရပါတယ်။ နိုင်ငံခြားမှ သံတမန်၊ ဧည့်သည်များ အသွားအလာတွေကလည်း ရှိသေးတယ်လေ။ အစိုးရ စက်ယန္တရားကြီးလည်ပတ်မှု မထိ ခိုက်ရအောင် စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ရပါတယ်။
အစပိုင်းမှာ မြို့ကြီးသုံးမြို့စလုံး ရောဂါအန္တရာယ်ကို ကြောက်ပြီးစည်းကမ်းလိုက်နာကြပါတယ်။ နောက်တော့ တဖြည်းဖြည်း ပေါ့လာကြတယ်။ သုံးမြို့ထဲမှာ နေပြည်တော်ကတော့ ပေါ့ဆမှု အနည်းဆုံးလို့ပြောရင် မျက်နှာလိုက်ရာများ ရောက်မလား။
ကောင်းတဲ့ ပြိုင်ဆိုင်မှု စိတ်ဓါတ်နဲ့ ကိုယ့်မြို့က စည်းကမ်းလိုက်နာတဲ့နေရာမှာ အတော်ဆုံးဆိုတာ ပြနိုင်အောင် ကြိုးစားကြပါ။ Covid နိုင်ပွဲ ပန်းတိုင် မရောက်မချင်း တက်မထောင်ကြပါစို့နဲ့။
Source -Aung San Suu Kyi

0 comments:

Post a Comment