Sunday, July 19, 2020

အမေရိကန်တွင် COVID-19ရောဂါကြောင့် သေဆုံးသူ ၁ သိန်း ၄ သောင်းကျော် ရှိလာ

အမေရိကန်နိုင်ငံတွင် COVID-19 ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၁ သိန်း ၄ သောင်းကျော် ရှိလာပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ဇူလိုင် ၁၈ ရက်တွင် ထုတ်ပြန်သည့် နောက်ဆုံးရ ကိန်းဂဏန်းများအရ သိရသည်။
ဇူလိုင် ၁၈ ရက် အမေရိကန် အရှေ့ပိုင်းစံတော်ချိန် ၂၀ နာရီ ၅၀ မိနစ် အထိ အမေရိကန်နိုင်ငံတွင် COVID-19ရောဂါကြောင့် သေဆုံးသူ ၁၄၀,၁၀၃ဦး ရှိလာပြီဖြစ်ပြီး စုစုပေါင်းရောဂါဖြစ်ပွားသူ ၃,၇၀၆,၉၂၇ ဦး ရှိကြောင်း သိရသည်။
သေဆုံးသူ ဦးရေ ၅,၀၀၀ ကျော်သော ပြည်နယ်များက မက်ဆာချူးဆက်ပြည်နယ်၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ပင်ဆယ်ဗေးနီးယားပြည်နယ် ၊ မီချီဂန်ပြည်နယ် တို့ဖြစ်ကြောင်း သိရသည်။
ကမ္ဘာတစ်ဝန်း COVID-19ရောဂါကြောင့် သေဆုံးသူ ၆ သိန်းကျော်ရှိလာပြီဖြစ်ရာ သေဆုံးသူ ဦးရေး ၃ သောင်းကျော်သည့် နိုင်ငံများမှာ ဘရာဇီး၊ ဗြိတိန်၊ မက္ကဆီကို၊ အီတလီနှင့် ပြင်သစ်နိုင်ငံတို့ဖြစ်သည်။ အဆိုပါ ကိန်းဂဏန်းများသည် ဂျွန်ဟော့ကင်းတက္ကသိုလ် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် သုတေသနာ စီမံကိန်းမှ နိုင်ငံနှင့်ဒေသ အသီးသီး၏အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီစုစည်းထားခြင်း ဖြစ်ကြောင်း သိရသည်။
>>Zawgyi<<

0 comments:

Post a Comment