
COVID-19ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေး အထောက်အကူဖြစ် စေရန်အတွက် ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊အင်းစိန်မြို့နယ်ရှိ တီဘီရောဂါအထူးကုဆေးရုံကြီးသို့ သွားရောက်၍ (ကြည်း၊ ရေ၊လေ) တပ်မတော်သားများက လှူဒါန်းသည့် COVID-19ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဆေးရုံသုံး အထောက်အကူပြုပစ္စည်းများဖြစ်သော Surgical Mask ၂၀၀၀ ခု ၊OTCap ၃၀၀ ခု၊ Face Shield ၅၀ ခု၊သာမိုမီတာ ၂ ခု၊ BP Cuff ၁ ခု၊ နားကြပ် ၁ ခု၊OT Grown ၂၀၀ ခု၊ မျက်မှန် ၂၀ လက် ၊ လက်အိပ် ၅၀၀ စုံ တို့အားလှူဒါန်းခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးကုသမှုခံယူလျက်ရှိသော လူနာများအတွက် တိုင်းစစ်ဌာ နချုပ်မှ လှူဒါန်းသည့် ရွှေဖီဦးလက်ဖက်ရည်ထုပ်များ၊ကြက်ဥများအား ပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်ကြီး ဒေါက်တာ သန္တာမွှန်းက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားများ ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။


Slource - မှန်နန်းဆောင်
0 comments:
Post a Comment