Sunday, July 12, 2020

ဘိုလီဗီးယား အထက်လွှတ်တော်ဥက္ကဋ္ဌထံတွင် COVID-19 ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း ထပ်မံတွေ့ရှိရ

ဘိုလီဗီးယား အထက်လွှတ်တော်ဥက္ကဋ္ဌ မိုနီကာအီဗာကိုပါက ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရကြောင်း ယမန်နေ့က ပြောကြားခဲ့သည်။
“ကျွန်မရဲ့ ကိုဗစ်-၁၉ ရောဂါစစ်ဆေးမှုတွေမှာ ပိုးတွေ့အဖြေထွက်လာ တယ်လို့ ဘိုလီဗီးယားပြည်သူတွေကို ပြောကြားချင်ပါတယ်။ ကျွန်မအနေနဲ့ ရောဂါကာကွယ်မှုနဲ့ဆိုင်တဲ့ ညွှန်ကြားချက်တွေကို လိုက်နာနေပြီး အချိန်လိုအပ် သလောက် သီးခြားခွဲနေမှာဖြစ်ပါတယ်။ ကျွန်မရဲ့အခြေအနေက တည်ငြိမ်ပြီး တာဝန်တွေကို ဆက်လက်ထမ်းဆောင်မှာဖြစ်ပါတယ်”ဟု ကိုပါက တွစ်တာ၌ ရေးသားခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရသော အခြား ဘိုလီဗီးယား အဆင့်မြင့် တာဝန်ရှိသူများတွင် ယာယီသမ္မတ ဂျင်နိုင်းအေးနက်ဇ်ချာဗက်ဇ်၊ ကျန်းမာရေးဝန်ကြီး၊ ဗဟိုဘဏ်အကြီးအကဲနှင့် သမ္မတရုံးအကြီးအကဲတို့ ပါဝင်သည်။
ဘိုလီဗီးယားနိုင်ငံ၌ လက်ရှိအချိန်ထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ၄၄၀၀၀ ကျော် နှင့် သေဆုံးသူ ၁၆၀၀ ကျော်ရှိကြောင်း သိရသည်။
Crd : The Mirror #Myanmar_Online_News

0 comments:

Post a Comment