Saturday, July 18, 2020

မန္တလေးရှိ COVID-19 အတည်ပြုလူနာအမှတ် (၃၃၈) နှင့် ကားအတူစီးသူ ၃၁ ဦးရှိကြောင်း သိရှိရ

မန္တလေးမြို့ ကန်တော်နဒီဆေးရုံ၌ ကုသမှုခံယူနေသည့် COVID-19 အတည်ပြုလူနာ (Case-338) နှင့် ကားအတူစီးသူ ၃၁ ဦးရှိကြောင်းမန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန တိုင်းကျန်းမာရေးမှုး ဒေါက်တာသန်းသန်းမြင့်ကပြောသည် ။
COVID 19 အတည်ပြုလူနာဖြစ်သည့် (Case -338) သည် ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာကာ မန္တလေးမြို့ အမရပူရမြို့နယ်၌ Facility Quarantine ဝင်နေသူဖြစ်ပြီး ၎င်းတွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့ကြောင်းကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဇူလိုင် ၁၆ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
" သူနဲ့အတူ ကားပေါ်ပါလာတာက ၃၁ ဦးရှိတယ် ။ ၂၃ဦးကို မန္တလာဒီဂရီကောလိပ်မှာ ထားတယ် ။ သူတို့ရဲ့ဆေးစစ်ချက်က ဒီနေ့ညမှ ထွက်မယ် ။ ကျန်တဲ့သူတွေကတော့စစ်ဆေးပြီးပြီ ပိုးမတွေ့ဘူး " ဟု ဒေါက်တာ သန်းသန်းမြင့်က ပြောသည်။
လက်ရှိ ပိုးတွေ့လူဖြစ်သည့် အမျိုးသားအား မန္တလေး ကန်တော်နဒီဆေးရုံတွင် ဆေးကုသမှုခံယူနေပြီး ကျန်းမာရေးအခြေအနေကောင်းကြောင်း ၎င်းကဆက်ပြောသည် ။
အဆိုပါ ပိုးတွေ့အတည်ပြုလူနာ နှင့် အတူနေရှိသည့် မန္တလာဒီဂရီကောလိပ်မှ တာဝန်ကျဝန်ထမ်းများကိုလည်းQuarantine ထားရှိကာ ဓာတ်ခွဲနမူနာများ ရယူစစ်ဆေးသွားမည်ဖြစ်ပြီး ယနေ့ညပိုင်းတွင် အဖြေသိရမည်ဖြစ်သည် ။
မန္တလေးတိုင်းဒေသကြီးအတွင် Quarantine Centre ပေါင်း (၈၈)ခုရှိပြီး ပြည်ပနိုင်ငံများမှ ပြန်လည် ရောက်ရှိလာသူ အသွားအလာ ကန့်သတ်ထားရှိသူ (၁၁၀၇)ဦး ရှိပြီး ၎င်းတို့အား ဓာတ်ခွဲစစ်ဆေးပြီး ဖြစ်သည် ။
Source - The Fifth Wave News

0 comments:

Post a Comment