Wednesday, July 22, 2020

မြန်မာနိုင်ငံသို့ လာရောက်မည့် နိုင်ငံခြားသားအားလုံး ၎င်းတို့စရိတ်ဖြင့် COVID-19 စစ်ဆေးမှု ကုန်ကျစရိတ်များကို ကျခံရမည်ဖြစ်ပြီး ရောဂါကင်းရှင်းမှသာ လုပ်ငန်းခွင် ဝင်ရောက်ရမည်

ပြည်ပနိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်မည့် နိုင်ငံခြားသားအားလုံး COVID-19 စစ်ဆေးမှု ကုန်ကျစရိတ်များကို မိမိစရိတ်ဖြင့် ကျခံရမည်ဖြစ်ပြီး ရောဂါကင်းရှင်းမှသာ လုပ်ငန်းခွင်သို့ ဝင်ရောက်ရမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ခရီးသွားအကြံပြုချက် ထုတ်ပြန်ထားမှုအရ သိရသည်။
လက်ရှိတွင် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ နိုင်ငံတော်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ပြည်တွင်းရှိ စီမံကိန်းလုပ်ငန်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းများနှင့် ဌာနဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ရေးအတွက် အရေးတကြီး လာရောက်ရန်ရှိသည့် ပြည်ပနိုင်ငံများမှ နိုင်ငံခြားသားများအနေဖြင့် ၎င်းတို့၏ လုပ်ငန်းများ ဆောလျင်စွာ ဆောင်ရွက်နိုင်ရန်အတွက် Fast Track နည်းလမ်းဖြင့် သက်ဆိုင်ရာနိုင်ငံမှ လေယာဉ်ပေါ်သို့ မရောက်မီ ၃၆ နာရီအတွင်း စစ်ဆေးထားသော Laboratory Evidence of Absence of COVID-19 Infection (Real Time RT-PCR Nasal Swab Result) ပါရှိစေရန်၊ မြန်မာနိုင်ငံသို့ ရောက်ရှိချိန်၌ သတ်မှတ်ထားသော Facility Quarantine ၌ နေထိုင်၍ နောက်တစ်ရက်တွင် နှာခေါင်းတို့ဖတ် (Nasal Swab) ယူ ထပ်မံ စစ်ဆေးခံယူစေရန်နှင့် စစ်ဆေးပြီး နောက်ငါးရက်အကြာတွင် ဒုတိယအကြိမ် နှာခေါင်းတို့ဖတ် (Nasal Swab) ယူ ထပ်မံ စစ်ဆေးခံစေရန်၊ စစ်ဆေးချက်အရ PCR Result Negative ဖြစ်မှသာ လုပ်ငန်းခွင်သို့ ဝင်ရောက်စေရန်နှင့် ကျန်းမာရေးစစ်ဆေးမှု ကုန်ကျစရိတ်ကို သက်ဆိုင်ရာပုဂ္ဂိုလ်မှသာ ကျခံစေရန် ညွှန်ကြားချက် ထုတ်ပြန်ထားခြင်း ဖြစ်သည်။
သို့ဖြစ်၍ ပြည်ပနိုင်ငံများက ပြည်တွင်းရှိ စီမံကိန်းလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းများနှင့် ဌာနဆိုင်ရာ လုပ်ငန်းများအတွက် ဝင်ရောက်လာမည့် နိုင်ငံခြားသားများနှင့် ပုံမှန်ဝင်ရောက်မည့် နိုင်ငံခြားသားများအနေဖြင့် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ခရီးသွား အကြံပြုချက်များကို လိုက်နာရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။
ယင်းပြင် အရေးပေါ် နိုင်ငံပြင်ပခရီးသွားရန် လိုအပ်သူများအနေဖြင့် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနတွင် COVID-19 ကင်းရှင်းကြောင်း စစ်ဆေးချက်ကို မြန်မာငွေကျပ် နှစ်သိန်းတိတိဖြင့် စစ်ဆေးနိုင်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
သို့ဖြစ်၍ အရေးပေါ် နိုင်ငံပြင်ပခရီးသွားရန် လိုအပ်သူများအနေဖြင့် ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁ ရက်မှစတင်ကာ တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် ၉ နာရီခွဲမှ ၁၁ နာရီအတွင်း စမ်းသပ်ခအဖြစ် စစ်ဆေးမှု တစ်ကြိမ်အတွက် မြန်မာငွေကျပ် နှစ်သိန်းတိတိဖြင့် စစ်ဆေးပေးမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ COVID-19 ကို ကာကွယ်ရန် လေဆိပ် အဆောက်အအုံ အားလုံးတွင် ခရီးသည်များနှင့် တာဝန်ကျ လေဆိပ်ဝန်ထမ်းများကိုသာ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ပြီး ခရီးသည်များ လိုက်ပါ ပို့ဆောင်/ကြိုဆိုသူများ လေဆိပ်အတွင်းသို့ ဝင်ရောက်ခွင့်ကို တားမြစ်ထားကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ သတင်းရရှိသည်။
crd-Eleven Media Group #Myanmar_Online_News
>>Zawgyi<<
မြန်မာနိုင်ငံသို့ လာရောက်မည့် နိုင်ငံခြားသားအားလုံး ၎င်းတို့စရိတ်ဖြင့် COVID-19 စစ်ဆေးမှု ကုန်ကျစရိတ်များကို ကျခံရမည်ဖြစ်ပြီး ရောဂါကင်းရှင်းမှသာ လုပ်ငန်းခွင် ဝင်ရောက်ရမည်
Wednesday, July 22, 2020
ပြည်ပနိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်မည့် နိုင်ငံခြားသားအားလုံး COVID-19 စစ်ဆေးမှု ကုန်ကျစရိတ်များကို မိမိစရိတ်ဖြင့် ကျခံရမည်ဖြစ်ပြီး ရောဂါကင်းရှင်းမှသာ လုပ်ငန်းခွင်သို့ ဝင်ရောက်ရမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ခရီးသွားအကြံပြုချက် ထုတ်ပြန်ထားမှုအရ သိရသည်။
လက်ရှိတွင် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ နိုင်ငံတော်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ပြည်တွင်းရှိ စီမံကိန်းလုပ်ငန်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းများနှင့် ဌာနဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ရေးအတွက် အရေးတကြီး လာရောက်ရန်ရှိသည့် ပြည်ပနိုင်ငံများမှ နိုင်ငံခြားသားများအနေဖြင့် ၎င်းတို့၏ လုပ်ငန်းများ ဆောလျင်စွာ ဆောင်ရွက်နိုင်ရန်အတွက် Fast Track နည်းလမ်းဖြင့် သက်ဆိုင်ရာနိုင်ငံမှ လေယာဉ်ပေါ်သို့ မရောက်မီ ၃၆ နာရီအတွင်း စစ်ဆေးထားသော Laboratory Evidence of Absence of COVID-19 Infection (Real Time RT-PCR Nasal Swab Result) ပါရှိစေရန်၊ မြန်မာနိုင်ငံသို့ ရောက်ရှိချိန်၌ သတ်မှတ်ထားသော Facility Quarantine ၌ နေထိုင်၍ နောက်တစ်ရက်တွင် နှာခေါင်းတို့ဖတ် (Nasal Swab) ယူ ထပ်မံ စစ်ဆေးခံယူစေရန်နှင့် စစ်ဆေးပြီး နောက်ငါးရက်အကြာတွင် ဒုတိယအကြိမ် နှာခေါင်းတို့ဖတ် (Nasal Swab) ယူ ထပ်မံ စစ်ဆေးခံစေရန်၊ စစ်ဆေးချက်အရ PCR Result Negative ဖြစ်မှသာ လုပ်ငန်းခွင်သို့ ဝင်ရောက်စေရန်နှင့် ကျန်းမာရေးစစ်ဆေးမှု ကုန်ကျစရိတ်ကို သက်ဆိုင်ရာပုဂ္ဂိုလ်မှသာ ကျခံစေရန် ညွှန်ကြားချက် ထုတ်ပြန်ထားခြင်း ဖြစ်သည်။
သို့ဖြစ်၍ ပြည်ပနိုင်ငံများက ပြည်တွင်းရှိ စီမံကိန်းလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းများနှင့် ဌာနဆိုင်ရာ လုပ်ငန်းများအတွက် ဝင်ရောက်လာမည့် နိုင်ငံခြားသားများနှင့် ပုံမှန်ဝင်ရောက်မည့် နိုင်ငံခြားသားများအနေဖြင့် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ခရီးသွား အကြံပြုချက်များကို လိုက်နာရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။
ယင်းပြင် အရေးပေါ် နိုင်ငံပြင်ပခရီးသွားရန် လိုအပ်သူများအနေဖြင့် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနတွင် COVID-19 ကင်းရှင်းကြောင်း စစ်ဆေးချက်ကို မြန်မာငွေကျပ် နှစ်သိန်းတိတိဖြင့် စစ်ဆေးနိုင်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
သို့ဖြစ်၍ အရေးပေါ် နိုင်ငံပြင်ပခရီးသွားရန် လိုအပ်သူများအနေဖြင့် ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁ ရက်မှစတင်ကာ တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် ၉ နာရီခွဲမှ ၁၁ နာရီအတွင်း စမ်းသပ်ခအဖြစ် စစ်ဆေးမှု တစ်ကြိမ်အတွက် မြန်မာငွေကျပ် နှစ်သိန်းတိတိဖြင့် စစ်ဆေးပေးမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ COVID-19 ကို ကာကွယ်ရန် လေဆိပ် အဆောက်အအုံ အားလုံးတွင် ခရီးသည်များနှင့် တာဝန်ကျ လေဆိပ်ဝန်ထမ်းများကိုသာ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ပြီး ခရီးသည်များ လိုက်ပါ ပို့ဆောင်/ကြိုဆိုသူများ လေဆိပ်အတွင်းသို့ ဝင်ရောက်ခွင့်ကို တားမြစ်ထားကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ သတင်းရရှိသည်။
crd-Eleven Media Group #Myanmar_Online_News

0 comments:

Post a Comment