Sunday, July 12, 2020

ဘောလိဝုဒ် သရုပ်ဆောင်မင်းသားကြီး အမီတာဘာဂျန်းနှင့် သားဖြစ်သူ အဘီရှက်တို့တွင် COVID-19 ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံထားရကြောင်း သိရ

အိန္ဒိယဘောလိဝုဒ်ရုပ်ရှင်လောက၏ အထင်ရှားဆုံး သရုပ်ဆောင်မင်းသားကြီးတစ်ဦးဖြစ်သူ အမီတာဘာဂျန်းမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်လျှက်ရှိကြောင်း စနေနေ့ ညနေပိုင်း၌ သတင်းကြားသိရသည်ဟု Dhaka Tribune က ယနေ့ရေးသားသည်။
Covid-19 ရောဂါကူးစက်ခြင်းခံရသဖြင့် မွန်ဘိုင်းရှိ နာနေ့ဝတီဆေးရုံ၌ တက်ရောက် ကုသမှုခံယူလျှက်ရှိကြောင်း အမီတာဘာဂျန်းက ၎င်း၏ Twitter စာမျက်နှာ၌ ရေးသားသည်။
ဆေးစစ်ရလာဒ်ကို သိရှိရပြီးနောက် အမီတာဘာဂျန်း၏ အလုပ်သမားဝန်ထမ်းများ၊ မိသားစုဝင်များအားလုံးတို့ကို ကိုရိုနာဗိုင်းရပ်စ်ရောဂါ စစ်ဆေးမှုခံယူထားကြောင်း၊ လွန်ခဲ့သည့် ၁၀-ရက်အတွင်း ၎င်းနှင့် အနီးကပ်ထိတွေ့ခဲ့သူအားလုံးတို့အနေဖြင့်လည်း အလားတူ စမ်းသပ်စစ်ဆေးမှုခံယူကြပါရန် အမီတာဘာဂျန်းက တိုက်တွန်းရေးသားထားသည်။
အိန္ဒိယ၏ လူသိအများဆုံး မင်းသားကြီးတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်လျှက်ရှိကြောင်းသတင်းမှာ အချိန်တိုအတွင်း တောမီးပမာ ပြန့်နှံ့လျှက် လူပြောအများဆုံးဖြစ်လျှက်ရှိသည်။
သို့သော် အမီတာဘာဂျန်း ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်ကောင်းမွန်လျှက်ရှိသည်ဟု ဆေးရုံသတင်းရင်း မြစ်များအရ သိရှိရသည်။
ထို့ပြင် မင်းသားကြီး အမီတာဘချန်းက သူ့ထံတွင်သာမက သူ၏သားဖြစ်သူ အဘီရှက်တွင်လည်း COVID-19 ကူးစက်နေကြောင်း စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ကြောင့် သားအဖ နှစ်ဦးစလုံးတို့အား မွမ်ဘိုင်းမြို့ရှိ နာနာဝတီ ဆေးရုံး သီးသန့်ခန်းတွင်ထားရှိ၍ ကုသမှုများဆောင်ရွက်ပေးလျှက်ရှိကြောင်းသိရသည်။.
Source : Dhaka Tribune., July 11th, 2020,
” Amitabh Bachchan tests positive for coronavirus.”
Crd : HtayOung / OungMarine #Myanmar_Online_News

0 comments:

Post a Comment