Sunday, July 26, 2020

COVID-19ကာလအတွင်း လက်ဖက်ရည်ဆိုင်နှင့်စားသောက်ဆိုင်ငယ်များ ကျပ် ၃၅ သိန်းမှ သိန်း ၁၀၀ ကြား ချေးငွေ ချေးယူနိုင်မည်ဖြစ်

လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်ငယ်များကို ကျပ် ၃၅ သိန်းမှ သိန်း ၁၀၀ ကြားချေး ငွေပေးမည်ဟု အသေးစား ငွေရေးကြေးရေး ကြီးကြပ်မှုကော်မတီက ဇူလိုင် ၂၃ ရက်တွင် ထုတ် ပြန်သည်။
အဆိုပါချေးငွေကို တိုင်းဒေ သကြီး၊ ပြည်နယ်များရှိ အတည် တကျဖွင့်လှစ်ထားသည့် ဆိုင်များ အား ပြည်ထောင်စုအစိုးရအဖွဲ့၏ အထွေထွေပိုလျှံရန်ပုံငွေ ကျပ်ဘီ လီယံ ၁၀၀ မှ ထုတ်ချေးမည်ဖြစ် သည်။ ထိုချေးငွေကို မြန်မာ့စီးပွား ရေးဘဏ်က အသေးစားချေး ငွေလုပ်ငန်းများကို ထုတ်ချေးပြီး ထိုလုပ်ငန်းများက လက်ဖက်ရည် ဆိုင်နှင့် စားသောက်ဆိုင်ငယ်များ ကို တစ်ဆင့်ပြန်လည်ချေးမည်ဖြစ် သည်။
ထုတ်ချေးရာတွင် အတိုးနှုန်း ၁ ရာခိုင်နှုန်းနှင့် ချေးငွေသက် တမ်း တစ်နှစ်ဖြစ်ပြီး ဆိုင်းငံ့ကာ လသုံးလဖြစ်သည်။ ကျန်ကိုးလတွင် သုံးလတစ်ကြိမ် ပြန်လည်ပေးဆပ်ရမည်ဖြစ်သည်။ ထုတ်ချေးရာတွင် မတည်ရင်းနှီးငွေ ကျပ်သိန်း ၅၀ ရှိသည့် ဆိုင်ငယ်များကို အများဆုံး ကျပ် ၃၅ သိန်း၊ မတည်ငွေ ကျပ်သိန်း ၅၀ မှ ၁၀၀ ကြားရှိသည့် ဆိုင်ငယ်များအတွက် ကျပ်သိန်း ၇၀ နှင့် မတည်ငွေ ကျပ်သိန်း ၁၀၀ နှင့် ၁၅၀ ကြားရှိ ဆိုင်ငယ်များအတွက် ကျပ်သိန်း ၁၀၀ ထုတ်ချေးမည်ဖြစ်သည်။
ချေးငွေလျှောက်ထားမည့် လက်ဖက်ရည်ဆိုင်နှင့် စား သောက်ဆိုင်ငယ်များသည် အ ချက်ကိုးချက် ပြည့်စုံရမည်ဖြစ် သည်။ ကိုဗစ်ကြောင့် လုပ်ငန်း ယာယီပိတ်သိမ်းခဲ့ရသည့် ဆိုင် များဖြစ်ရခြင်းနှင့် ကိုယ်ပိုင်မြေ၊ အဆောက်အအုံပေါ်တွင်ဖြစ်စေ၊ တရားဝင်ငှားရမ်း၍ဖြစ်စေ အခြေတကျ ဖွင့်လှစ်ထားသည့် ဆိုင် ဖြစ်ရမည်ဖြစ်သည်။
ဆိုင်ဖွင့်သက်တမ်း တစ်နှစ် ရှိရမည်ဖြစ်ပြီး စည်ပင်နှင့် သက် ဆိုင်ရာ အုပ်ချုပ်ရေးမှူးများ၏ ထောက်ခံချက် ပါရှိရမည်ဖြစ် သည်။ ထို့အပြင် အာမခံနှစ်ဦးရှိ ရမည်ဖြစ်ပြီး ချေးငွေကို ဆိုင်ပြန် ဖွင့်ရန်အတွက်သာ သုံးရမည် ဖြစ်ကာ တစ်နှစ်အတွင်း ပြန်ဆပ် ရမည်ဖြစ်သည်။ အလုပ်သမား ငါးဦးနှင့်အထက်ရှိသော ဆိုင်ကို ဦးစားပေးမည် ဖြစ်သော်လည်း ငါးဦးအောက် ဆိုင်များလည်း လျှောက်ထားနိုင်သည်။
လျှောက်ထားသည့် ဆိုင်များသည် ကျပ်သိန်း ၁၅၀ အောက်တွင် လုပ်ငန်းလည်ပတ်နေသော ဆိုင်များသာ အကျုံးဝင်သည်။ ချေးငွေကို ရယူလိုသည့် အသေးစားချေးငွေလုပ်ငန်းများသည် ကော်မတီသို့ တင်ပြရမည်ဖြစ်ပြီး ထုတ်ချေးမည့် ဆိုင်ထပ်ခြင်းမရှိစေရန် အသေးစားချေးငွေလုပ် ငန်းများက ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်သည်။
Crd : 7Day

0 comments:

Post a Comment