Saturday, July 18, 2020

ရောဂါမပြင်းထန်သည့် COVID-19 လူနာများကို ကုသရာတွင် ငှက် ဖျားရောဂါကုသဆေးအကျိုးသက်ရောက်မှု မရှိဟုဆို

ကိုရိုနာဗိုင်းရပ်စ်ကိုကုသရာတွင်အသုံးပြုနေသည့် ငှက်ဖျားရောဂါဆေး ဟိုက်ဒရောက်ဆီကလိုရိုကွင်း Hydroxy chloroquine သည် COVID-19 ရောဂါမပြင်းထန်သည့်လူနာများတွင် ဆေးမတိုးကြောင်း မင်နီဆိုးတားတက္ကသိုလ်မှ သုတေသီများ၏ လေ့လာချက်တွင် တွေ့ရှိသည်။
ထိုဆေးပေးပြီးကုသသည့်လူနာ ၂၄ ရာခိုင်နှုန်းတွင် ၁၄ ရက်ကြာသောအခါ ရောဂါလက္ခဏာများတွေ့နေရပြီး နောက်ထပ်အာနိသင်မရှိသည့်အစားထိုးဆေးတစ်မျိုးပေးသည့်လူနာအုပ်စုတွင် အကြမ်းဖျင်း ၃၀ ရာခိုင်နှုန်း ၌ ၁၄ ရက်ကြာသောအခါ လက္ခဏာများတွေ့နေရသည်။
စာရင်းအင်းသဘောအရ ကွာခြားချက်မသိသာကြောင်း သုတေသီများကပြောသည်။ ကျပန်းပြုလုပ်ခဲ့ပြီး အ စားထိုးဆေးဖြင့်ထိန်းချုပ်ထားသည့်လေ့လာမှုကို ဆေးရုံတက်ကုသခြင်းမပြုရသည့်လူနာ ၄၉၁ ယောက်တွင်ပြုလုပ်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုတွင် ရောဂါစစ်ဆေးနိုင်မှုရှားပါးပြတ်လပ်နေသဖြင့် ပါဝင်စမ်းသပ်ခဲ့သည့် လူနာ ၅၈ ရာခိုင်နှုန်းကိုသာ ရောဂါရှိ၊ မရှိစစ်ဆေးနိုင်ခဲ့သည်။
မတ်လတွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဟိုက်ဒရောက်ဆီကလိုရိုကွင်းအသုံးပြုပြီး COVID-19 ကုသမှုကို နှုတ်အားဖြင့်ထောက်ခံခဲ့ပြီးနောက် ဆယ်စုနှစ်ချီသက်တမ်းရှိနေသည့်ထိုဆေးအပေါ် မျှော်လင့်ချက်များ ရှိခဲ့သည်။
သို့သော် အစားထိုးအာနိသင်မဲ့ဆေးများထိန်းချုပ်သည့် လေ့လာမှုအများအပြားတွင် ဟိုက်ဒရောက်ဆီကလို ရိုကွင်းသည် COVID-19 ကုသရန်(သို့မဟုတ်)ကာကွယ်ရန် ဆေးမတိုးကြောင်းတွေ့ရသည်။
Ref ; People Media

0 comments:

Post a Comment