Monday, July 20, 2020

COVID-19ရောဂါကြောင့် ဘိုလီဗီးယားဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ကွယ်လွန်

ဘိုလီဗီးယား ဘောလုံးအဖွဲ့ချုပ် (FBL) ဥက္ကဌ ဆီဇာဆာလီနက်စ်မှာ COVID-19 ရောဂါကြောင့် ကွယ်လွန်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဇူလိုင်လ ၁၉ ရက်တွင် ကြေညာခဲ့သည်။
“ဘိုလီဗီးယားဘောလုံးအဖွဲ့ချုပ် (FBL) ဥက္ကဌ ဆီဇာဆာလီနက်စ် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကွယ်လွန် သွားပါပြီ” ဟု ဘိုလီဗီးယား ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဆန်တာမာရီယာက တွစ်တာ၌ ရေးသားခဲ့သည်။
ဆာလီနက်စ် ကွယ်လွန်မှုကို ဝမ်းနည်းစွာဖြင့် အတည်ပြုပါကြောင်း ကိုချာဘမ်ဘာ ဘောလုံးအသင်း၏ ဥက္ကဌဖြစ်သူ ဂရိုဗာဗားဂတ်စ်က ပြောကြားခဲ့သည်။
အသက် ၅၈ နှစ်အရွယ် ဆာလီနက်စ်ကို ဘိုလီဗီးယားနိုင်ငံ၏ မြို့တော် လာပက်ဇ်မြို့ရှိ ဆေးခန်းတစ်ခုသို့ ဇူလိုင်လ ၉ ရက်ကတည်းက ပို့ဆောင်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ပျောက်ကင်းခဲ့သည့် ဘိုလီဗီးယား လက်ရွေးစင်အသင်း၏ ဂိုးသမား ကားလို့စ်အမ်မီလီယိုလမ်ပေး ၏ သွေးရည်ကြည်လှူဒါန်းမှု လက်ခံခဲ့သည်။
လူဦးရေ ၁၁ သန်းဝန်းကျင် နေထိုင်ရာ ဘိုလီဗီးယားနိုင်ငံတွင် လက်ရှိအချိန်ထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ၅၈၁၃၆ မှုနှင့် သေဆုံးသူ ၂၁၀၆ ဦးရှိကြောင်း သိရသည်။
Source : AFP Crd : EPN
Ref; the president of the Federation died of the coronavirus

0 comments:

Post a Comment