Friday, July 17, 2020

COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ကင်းစင်သွားပြီဖြစ်တဲ့ ကရင်ပြည်နယ်

ကရင်ပြည်နယ်မှာ နောက်ဆုံးကျန်နေတဲ့ ကိုဗစ်လူနာနှစ်ဦး ပိုးကင်းစင်သွားလို့ ဆေးရုံကနေ ဆင်းခွင့်ရရှိသွားပြီဖြစ်ပါတယ်။
ပိုးကင်းစင်သွားလို့ ဆေးရုံကနေ ဆင်းခွင့်ရရှိသွားတဲ့ လူနာနှစ်ဦးကတော့ လူနာအမှတ် (၂၉၄) နဲ့ လူနာအမှတ် (၂၆၅) တို့ဖြစ်ပါတယ်။
ဒီကနေ့မနက်ပိုင်းမှာ ဆေးရုံကနေ ဆင်းသွားတဲ့ လူနာအမှတ် (၂၆၅) ကနေ ဓာတ်ခွဲနမူနာ လေးကြိမ် စစ်ဆေးခဲ့ရပြီး နောက်ဆုံးနှစ်ကြိမ် စစ်ဆေးရာမှာ ပိုးမတွေ့တော့တာကြောင့်ဆေးရုံကနေ ဆင်းခွင့်ရရှိသွားတာဖြစ်ပါတယ်။
လူနာအမှတ် (၂၆၅) ဟာ ဘားအံဆေးရုံမှာ တစ်လနီးပါးကြာ ဆေးကုသမှုခံယူနေရတာပါ။
ကျန်တဲ့ လူနာအမှတ် (၂၉၄)ကတော့ မနေ့ညပိုင်းက ဆေးရုံကနေ ဆင်းသွားခဲ့တာပါ။
ဒါကြောင့် ဘားအံဆေးရုံကြီးက ဆေးကုသမှုခံယူနေတဲ့ လူနာနှစ်ဦးစလုံး ဆေးရုံကနေ ဆင်းသွားပြီဖြစ်တာကြောင့် ကရင်ပြည်နယ်မှာ ကိုဗစ်လူနာမရှိတော့ပါဘူ။
အဲ့ဒီလူနာနှစ်ဦးစလုံးဟာ ပြီးခဲ့တဲ့ဇွန်လပိုင်းက ထိုင်းကပြန်လာတာဖြစ်ပြီး ဘားအံမြို့ မူးယစ်ဆေးဖြတ်စခန်းမှာ Quarantine ဝင်နေချိန်မှာ ပိုးတွေ့ရှိခဲ့တာဖြစ်ကာ ဘားအံပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေခဲ့တာဖြစ်ပါတယ်။
Crd : 7Day

0 comments:

Post a Comment