Saturday, July 11, 2020

မော်လမြိုင်အထွေထွေဆေးရုံကြီးတွင် ဆေးကုသလျက်ရှိသော COVID-19ရောဂါပိုးတွေ့ရှိလူနာ(၅)ဦးတတိယအကြိမ်စစ်ဆေးရာတွင်လည်းရောဂါပိုးမတွေ့ရှိတော့သဖြင့်ဆေးရုံမှဆင်းခွင့်ရရှိ

မွန်ပြည်နယ်မော်လမြိုင်အထွေထွေဆေးရုံကြီးရှိCOVID-19ကုသသည့်(၄)ထပ်အဆောင်သစ်တွင်ကုသလျက်ရှိသေ ာCOVID-19ရောဂါပိုးတွေ့ရှိသူ(၅)ဦးမှာ တတိယအကြိမ်ဓာတ်ခွဲစစ်ဆေးချက်အရရောဂါပိုးမတွေ့ရှိတော့သဖြင့်ဆေးရုံမှဆင်းခွင့်ပြုခဲ့ပါတယ်။
ဇူလိုင်လ(၁၀)ရက်နေ့မှာတော့လူနာအမှတ်(273),(274),(276)နှင့် လူနာအမှတ်(287)နှင့် ၎င်း၏အခန်းဖော်တို့မှာရောဂါပိုးကင်စင်သွားပြီးဖြစ်တဲ့အတွက်ဆေးရုံမှဆင်းခွင့်ရခဲ့ပါတယ်။လူနာအမှတ်(275)ကတော့ဇူလိုင်လ(၉)ရက်နေ့ထဲကဆေးရုံမှဆင်းခွင့်ရခဲ့ပါတယ်။ လူနာအမှတ်(273),(274),(275),(276)တို့သည်(၁၉.၆.၂၀၂၀)ရက်နေ့တွင်စတင်ဆေးကုသမှုခံယူခဲ့ပြီးလူနာအမှတ်(287)နှင့်၎င်း၏အခန်းဖော်တို့မှာ(၂၀.၆.၂၀၂၀)ရက်နေ့တွင်ဆေးကုသမှုခံယူခဲ့တာပဲဖြစ်ပါတယ်။
၎င်းတို့အားအမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)နှင့် ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်)တို့မှ(၃)ကြိမ်တိုင်တိုင်ဓာတ်ခွဲစစ်ဆေးခဲ့ရာ ၎င်းတို့တွင်COVID-19 ရောဂါပိုးမတွေ့ရှိတော့သဖြင့်ဆေးရုံမှ ဆင်းခွင့်ပြုခဲ့တာဖြစ်ပြီး၎င်းတို့၏ နေအိမ်များတွင်Home Quarantine ဆက်လက်နေထိုင်သွားရမယ်လို့လဲသိရပါတယ်။ယခုလက်ရှိမွန်ပြည်နယ်တွင် ရောဂါပိုးတွေ့ရှိသူဦးရေ(၆)ဦးထိရှိခဲ့ပြီး အဆိုပါ(၆)ဦးလုံးသည်COVID-19ရောဂါပိုးများကင်းစင်သွားပြီးကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်းသိရပါတယ်။
Crd : Skynet UptoDate #Myanmar_Online_News

0 comments:

Post a Comment