Monday, July 20, 2020

၂၀၂၀-၂၀၂၁ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်ရာတွင် COVID - 19 ကာကွယ်ထိန်းချုပ်ရေးအတွက် ကျောင်းမုန့်ဈေးတန်း ထားရှိမည်မဟုတ်

ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်းပေါင်း (၂၇၅၈)ကျောင်းရှိပြီး အခြေခံ ပညာ အထက်တန်းအဆင့် သင်ကြားနိုင်သည့် ကျောင်းပေါင်း (၄၀၈)ကျောင်းခန့်ရှိသည်။
၂၀၂၀-၂၀၂၁ ပညာသင်နှစ် အခြေခံပညာ အထက်တန်းအဆင့်ကျောင်းများကို ဇူလိုင်လ(၂၁)ရက်နေ့မှ စတင်ဖွင့်လှစ်မည်ရာ ဇူလိုင်လ (၁၃)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ကျောင်းအပ်လက်ခံခဲ့ပါသည်။ ယခုပညာသင်နှစ်တွင် COVID - 19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျောင်းတက်ရမည်ဖြစ်သည်အတွက် ကျောင်းမုန့်ဈေးတန်း ထားရှိမည်မဟုတ်ကြောင်း သိရသည်။
CRD : MRTV

0 comments:

Post a Comment