Friday, July 24, 2020

တက္ကဆပ်ပြည်နယ်ရှိ အကျဉ်းစခန်းတစ်ခုမှ အကျဉ်းသူ ငါးရာကျော်တွင် COVID-19 ပိုးစစ်ဆေးတွေ့ရှိ

အမေရိကန်ပြည်ထောင်စု၊ တက္ကဆပ်ပြည်နယ်ရှိ ဖက်ဒရယ်ဆေးဖက်ဆိုင်ရာ အကျဉ်းစခန်းတစ်ခုမှ အကျဉ်းသူ ၅၁၀ တို့တွင် COVID-19 ပိုး စစ်ဆေးတွေ့ရှိကြောင်း အမေရိကန်အကျဉ်းဦးစီးဌာနက သတင်းထုတ်ပြန်သည်။
တက္ကဆပ်ပြည်နယ်၏ ပဉ္စမမြောက် အကြီးဆုံးမြို့ဖြစ်သော ဖို့သ်ဝါ့သ်မြို့ရှိ ဖက်ဒရယ် ဆေးဘက်ဆိုင်ရာ အကျဉ်စခန်း (Federal Medical Center-Carswell) မှ အကျဉ်းသူ ငါးရာထက်မနည်းတို့တွင် ပိုးတွေ့ရှိခြင်းဖြစ်သည်။
လွန်ခဲ့သည့် ရက်သတ္တ ၃ ပတ်ကမူ အကျဉ်းစခန်းတွင်းဝယ် COVID-19 ပိုးရှိသူ ၃ ဦးသာ စစ်ဆေးတွေ့ရှိခဲ့သည်။ ထို့နောက် COVID-19 ကြောင့် ပထမဆုံးသေဆုံးသူရှိလာကြောင်းကို ဇူလိုင် ၁၂ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။။
အဆိုပါ အကျဉ်းစခန်းဝယ် ဆေးဖက်ဆိုင်ရာပြဿနာများနှင့် စိတ်ကျန်းမာရေးဆိုင်ရာပြဿနာရှိနေသူ အမျိုးသမီး အကျဉ်းသူ ၁၃၇၅ ဦးကို ထားရှိကြောင်း ဒေသခံမီဒီယာများကဆိုကြသည်။
Ref ; Popular

0 comments:

Post a Comment