
COVID-19 ဂယက်တွေကြားက ကျင်းပခဲ့တဲ့ ပိုလန်ရွေးကောက်ပွဲမှာ လက်ရှိ အာဏာရ သမ္မတ အင်ဒရူးဒူဒါက အဓိကပြိုင်ဘက် ဝါဆောမြို့တော်ဝန် ရာဖေးထရက်ဇ်ကော့စကီးကို မဲအနည်းငယ်ကပ်ပြီး အနိုင်ရခဲ့ပါတယ်။
လက်ယာယိမ်းဝါဒီတစ်ဦးဖြစ်တဲ့ အင်ဒရူးဒူဒါနဲ့ သူ့ပါတီ(PiS)တို့ အနိုင်ရခဲ့တာကြောင့် ပိုလန်နိုင်ငံအတွင်း နိုင်ငံရေး ဖြစ်စဉ်တွေမှာ ရိုမန်ကက်သလစ်ဘာသာရေးအယူတွေ ဆက်လက် လွမ်းမိုးဖို့ရှိနေပါတယ်။
အသက် ၄၈ နှစ်အရွယ်ပဲရှိသေးတဲ့ သမ္မတ ဒူဒါဟာ လာမယ့် အစိုးရသက်တမ်း ၅ နှစ်အတွက် ရွေးကောက်ပွဲမှာ သူအနိုင်ရခဲ့ကြောင်း တနင်္ဂနွေနေ့နှောင်းပိုင်းကတည်းက ကြေညာခဲ့ပေမယ့် မဲအရေအတွက် သိပ်မကွာလို့ နောက်ဆုံးရလဒ်ကို အတည်ပြုဖို့ အချိန်ယူခဲ့ရပါတယ်။
ဒင်ဒရူးဒူဒါရဲ့ အစိုးရဟာ LGBT တွေ အခွင့်အရေးကို အားမပေးတာကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းမှာ ဝေဖန်ခံနေရပေမယ့် ပြည်တွင်းမှာတော့ ရိုမန်ကသလစ်ဘာသာဝင်အများစုရဲ့ ထောက်ခံမှုကို ရခဲ့ကြောင်း ဘီဘီစီ သတင်းအရ သိရပါတယ်။


သတင်း - မောင်ဇေယျ
ကိုးကား - BBC
0 comments:
Post a Comment