Tuesday, July 21, 2020

တောင်ကိုရီးယားနိုင်ငံရှိ အမေရိကန်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ COVID-19 ကိုရိုနာဗိုင်းရပ် ကူးစက်ခံနေရ

တောင်ကိုရီးယားနိုင်ငံရှိ အမေရိကန်တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုဝင် ၁၀ ဦးထက်မနည်း ကိုဗစ်- ၁၉ ကူးစက်ခံထားရကြောင်း တောင်ကိုရီးယားနိုင်ငံရှိ အမေရိကန်တပ်ဖွဲ့များက ဇူလိုင် ၂၀ ရက်တွင် ပြောကြားသည်။
ပြီးခဲ့သည့် ဇူလိုင် ၁၂ ရက်နှင့် ၁၅ ရက်တို့တွင် တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိလာသည့် စစ်မှုထမ်း ခြောက်ဦးနှင့် ၎င်းတို့ကို မှီခိုနေသည့် မိသားစုဝင်များတွင် ကိုဗစ်- ၁၉ ကူးစက်ခံထားသည်ကို အတည်ပြုခဲ့ကြောင်း တောင် ကိုရီးယားရှိ အမေရိကန်တပ်ဖွဲ့က ပြောသည်။
တောင်ကိုရီးယားနိုင်ငံသို့ လေယာဉ်များဖြင့် ရောက် ရှိလာကြသည့် အမေရိကန်တပ်ဖွဲ့ဝင် ခြောက်ဦးတို့တွင် ကိုဗစ်- ၁၉ ကူးစက်ခံရသည့် လက္ခဏာများ တွေ့ခဲ့ရပြီး နောက် ရောဂါကူးစက်ခံရသည့် အတည်ပြုလူနာများကို ပြုံထယ်ရှိ အိုဆန်လေတပ်စခန်းနှင့် ဟမ်ဖရေးစ်ရှိ အခြား စစ်စခန်းတို့တွင် သီးသန့်ကန့်သတ်စောင့်ကြည့်ဌာနများသို့ ရွှေ့ပြောင်းခဲ့ကြောင်း သိရသည်။
သို့ဖြစ်ရာ တောင်ကိုရီးယားနိုင်ငံရှိ အမေရိကန် တပ်ဖွဲ့ဝင်များအကြား ကိုဗစ်- ၁၉ ကူးစက်ခံရသူ အရေအတွက် စုစုပေါင်းမှာ ယခုအခါ ၉၈ ဦးအထိ ရှိလာပြီဖြစ် ကြောင်း ယွန်ဟတ်သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
ရောဂါကူးစက်ခံရသည့် တပ်ဖွဲ့ဝင်အရေအတွက်တိုးပွားလာမှုနှင့်အတူ ပြည်ပမှ ရောဂါကူးစက်ခံရလာသူ အရေအတွက် တိုးပွားလာမည့် အခြေအနေကို စိုးရိမ်မှုမြင့်တက် လျက်ရှိသည်။ တောင်ကိုရီးယားနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ပြည်ပမှ ရောဂါကူးစက်ခံခဲ့ရသူ ၂၆ ဦး ထပ်တိုးလာခဲ့ရာ စုစုပေါင်း ရောဂါကူးစက်ခံရသူ အရေအတွက် ၁၃၇၇၁ ဦးအထိ ရှိလာခဲ့သည်။
Crd : XinHua

0 comments:

Post a Comment