Monday, July 6, 2020

မြန်မာနိုင်ငံတွင် Covid-19 အတည်ပြုလူနာ (၃၁၃) ဦးရှိနေပြီး တစ်ကမ္ဘာလုံးတွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၅.၃ သိန်းကျော်နှင့် ရောဂါကူးစက်ခံရသူ ၁၁.၅ သန်းကျော်အထိ မြင့်တက်လာ

တစ်ကမ္ဘာလုံးတွင် ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်မှာ ဇူလိုင်လ ၆ ရက်နေ့ နံနက် ၇:၃၀ အချိန်အထိ သေဆုံးသူ စုစုပေါင်း (၅၃၆,၃၉၂) ဦးရှိလာပြီး ရောဂါကူးစက်ခံရသူ အရေအတွက်မှာလည်း စုစုပေါင်း (၁၁,၅၄၆,၄၉၃) ဦးရှိကြောင်း တရုတ်ဆေးဘက်ဆိုင်ရာ အရာရှိများ၏ သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။
(၂၃-၃-၂၀၂၀)ရက်နေ့မှ (၅-၇-၂၀၂၀)ရက်နေ့၊ ည (၈:၀၀) နာရီ အချိန်အထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၃၁၃)ဦး၊ ပိုးတွေ့ပြန်လည် သက်သာလူနာ (၂၄၁)ဦး ၊ ဆေးရုံမှဆင်းခွင့်ရ (၂၂၆)ဦး နှင့် ပိုးတွေ့သေဆုံးလူနာ (၆)ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။

0 comments:

Post a Comment