Saturday, July 25, 2020

ဘရာဇီးနိုင်ငံတွင် COVID-19 ရောဂါ ဖြစ်ပွားမှု ၂ သန်းကျော် ရှိလာ

ဘရာဇီးနိုင်ငံမှာ COVID-19 ရောဂါဖြစ်ပွားသူ ၂ ဒသမ ၃ သန်းရှိလာပြီး ရောဂါကြောင့် သေဆုံးသူ ၈၅,၀၀၀ ကျော် ရှိတယ်လို့ ဘရာဇီး ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင်လ ၂၄ ရက်နေ့မှာ ကြေညာပါတယ်။
ဘရာဇီးမှာ ပြီးခဲ့တဲ့ရက် ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအသစ် ၅၅,၈၉၁ ခုနဲ့ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁,၁၅၆ ဦး ရှိပါတယ်။
ရောဂါကူးစက်မှု အဆိုးဆုံးပြည်နယ်ဖြစ်တဲ့ ဆာအို ပေါ်လိုမှာ ရောဂါဖြစ်ပွားသူ ၄၆၃,၂၁၈ ဦး၊ သေဆုံးသူ ၂၁,၂၀၆ ဦး ရှိပြီး ကပ်ရောဂါ ထိန်းချုပ်ရေးအတွက် quarantine ဝင်ခိုင်းတာတွေကို သြဂုတ် ၁၀ ရက်နေ့အထိ ရက်ထပ်တိုးထားပါတယ်။
ဘရာဇီးနိုင်ငံဟာ ကမ္ဘာပေါ်မှာ COVID-19 ရောဂါ ဖြစ်ပွားမှု အဆိုးရွားဆုံး နံပါတ် ၂ နိုင်ငံဖြစ်ပြီး အမေရိကန်ပြီးရင် ဒုတိယမြောက် ဖြစ်ပါတယ်။
crd-MCN TV NEWS #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment