Friday, July 10, 2020

Covid-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး ပစ္စည်းများ၊ ဆေးရုံသုံးပစ္စည်းများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများပေးအပ်လှူဒါန်း

တပ်မတော်(ကြည်း၊ ရေ၊ လေ)က ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်ရှိ ဗဟိုအမျိုးသမီးဆေးရုံကြီးသို့ Coronavirus Disease 2019 (Covid-19) ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး ပစ္စည်းများနှင့် ဆေးရုံသုံးပစ္စည်းများကို ယနေ့နံနက်ပိုင်းတွင် သွားရောက်ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရပါသည်။
အဆိုပါအခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က Coronavirus Disease 2019(Covid-19) ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး ပစ္စည်းများနှင့် ဆေးရုံသုံးပစ္စည်းများ ပေးအပ် လှူဒါန်းခြင်းနှင့် ပတ်သက်၍ အမှာစကား ပြောကြားပြီး ဗဟိုအမျိုးသမီးဆေးရုံကြီးအတွက် Coronavirus Disease 2019(Covid-19) ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး ပစ္စည်းများနှင့် ဆေးရုံသုံးပစ္စည်းများဖြစ်သည့် Surgical Masks ၂၀၀၀၀ ခု၊ N 95 Mask ၂၀၀ ခု၊ Surgical Gown ၅၀၀ခု ၊ Glove ၁၀၀၀ခု၊ Sodium Hypochloride ၃ ပုံး၊Fetal Doppler ၊ CTG Machine (Fetal Monitor) (ကလေးနှလုံးခုန်နှုန်းနှင့် မိခင်သားအိမ်ညှစ်နှုန်းတိုင်းစက်)၊ Portable Ultrasound ၊ Portable X-Ray တို့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်ခင်မေသွင်က လက်ခံရယူသည်။
ဆက်လက်၍ ဆေးရုံတက်လူနာများနှင့် ဆေးရုံဝန်ထမ်းများအတွက် အာဟာရဖြည့် စားသောက်ဖွယ်ရာများဖြစ်သည့် ကြက်ဥ ၁၃၀၀ လုံး၊ ဒိန်ချဉ် ၁၃၀၀ ဘူး၊ ရွှေဖီဦးအထုပ်ကြီး ၄၄ ထုပ်နှင့် နန်းမြိုင်ကော်ဖီထုပ်ကြီး ၄၄ ထုပ်တို့ကို စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းက ပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်ခင်မေသွင်က လက်ခံရယူ၍ ကျေဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။
>>Zawgyi<<
Covid-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး ပစ္စည်းများ၊ ဆေးရုံသုံးပစ္စည်းများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများပေးအပ်လှူဒါန်း
Friday, July 10, 2020
တပ်မတော်(ကြည်း၊ ရေ၊ လေ)က ရန်ကုန်တိုင်းဒေသ ကြီး လမ်းမတော်မြို့နယ်ရှိ ဗဟိုအမျိုးသမီးဆေးရုံကြီးသို့ Coronavirus Disease 2019 (Covid-19) ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး ပစ္စည်းများနှင့် ဆေးရုံသုံးပစ္စည်း များကို ယနေ့နံနက်ပိုင်းတွင် သွားရောက်ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရပါသည်။
အဆိုပါအခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က Coronavirus Disease 2019(Covid-19) ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး ပစ္စည်းများနှင့် ဆေးရုံသုံးပစ္စည်းများ ပေးအပ် လှူဒါန်းခြင်းနှင့် ပတ်သက်၍ အမှာစကား ပြောကြားပြီး ဗဟိုအမျိုးသမီးဆေးရုံကြီးအတွက် Coronavirus Disease 2019(Covid-19) ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး ပစ္စည်းများနှင့် ဆေးရုံသုံးပစ္စည်းများဖြစ်သည့် Surgical Masks ၂၀၀၀၀ ခု၊ N 95 Mask ၂၀၀ ခု၊ Surgical Gown ၅၀၀ခု ၊ Glove ၁၀၀၀ခု၊ Sodium Hypochloride ၃ ပုံး၊Fetal Doppler ၊ CTG Machine (Fetal Monitor) (ကလေးနှလုံးခုန်နှုန်းနှင့် မိခင်သားအိမ်ညှစ်နှုန်းတိုင်းစက်)၊ Portable Ultrasound ၊ Portable X-Ray တို့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်ခင်မေသွင်က လက်ခံရယူသည်။
ဆက်လက်၍ ဆေးရုံတက်လူနာများနှင့် ဆေးရုံဝန်ထမ်းများအတွက် အာဟာရဖြည့် စားသောက်ဖွယ်ရာများဖြစ်သည့် ကြက်ဥ ၁၃၀၀ လုံး၊ ဒိန်ချဉ် ၁၃၀၀ ဘူး၊ ရွှေဖီဦးအထုပ်ကြီး ၄၄ ထုပ်နှင့် နန်းမြိုင်ကော်ဖီထုပ်ကြီး ၄၄ ထုပ်တို့ကို စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းက ပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်ခင်မေသွင်က လက်ခံရယူ၍ ကျေဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။

0 comments:

Post a Comment