
ဖိလစ်ပိုင်နိုင်ငံတွင် COVID-19 အတည်ပြုလူနာသစ် ၁၃၉၅ ဦးကို ကြာသပတေးနေ့က စစ်ဆေးတွေ့ရှိခဲ့သဖြင့် ကူးစက်ခံရသူ စုစုပေါင်းဦးရေမှာ ၅၁၇၅၄ ဦးရှိသွားပြီး ၁၂၈၁၃ ဦးမှာ သက်သာပျောက်ကင်းကြောင်း ဖိလစ်ပိုင် ကျန်းမာရေးဌာနက သတင်းထုတ်ပြန်သည်။
သေဆုံးသူဦးရေ စုစုပေါင်းမှာမူ ၁၃၁၄ ဦးရှိပြီဖြစ်သည်။
ကြာသပတေးနေ့က အသစ်တွေ့ရှိသူ ၁၃၉၅ ဦးအနက် ၄၄၃ ဦးမှာ မနီလာမြို့တော် နယ်နိမိတ်အတွင်းမှဖြစ်ပြီး၊ ၂၉၀ ဦးမှာမူ ဗီဆာယက်စ် ဒေသမှဖြစ်ကာ၊ ၅၉၂ ဦးမှာမူ နိုင်ငံ၏ အခြားဒေသများမှဖြစ်ကြောင်း ဖိလစ်ပိုင်ကျန်းမာရေးဝန်ကြီးဌာနကဆိုသည်။
ဖိလစ်ပိုင်နိုင်ငံတွင် ပထမဆုံးသော COVID-19 အတည်ပြုလူနာကို ဇန်နဝါရီလအတွင်းက တွေ့ရှိခဲ့ပြီး မတ်လမှစတင်၍ Lockdown ချခြင်းအဆင့်ဆင့်ကိုပြုလုပ်ခဲ့ကာ၊ ယခုအခါ ဖြေလျော့မှုများကိုလည်း အဆင့်ဆင့် ပြန်လည်ပြုလုပ်နေလျှက်ရှိကြောငျး သိရသညျ။

Source: Xinhual #Myanmar_Online_News
တစ်ရက်အတွင်း COVID-19 ကူးစက်သူ ၁၃၉၅ ခု စစ်ဆေးတွေ့ရှိပြီး ကူးစက်သူစုစုပေါင်း ၅၁၇၅၄ ဦးလာတဲ့ ဖိလစ်ပိုင်
Friday, July 10, 2020
ဖိလစ်ပိုင်နိုင်ငံတွင် COVID-19 အတည်ပြုလူနာသစ် ၁၃၉၅ ဦးကို ကြာသပတေးနေ့က စစ်ဆေးတွေ့ရှိခဲ့သဖြင့် ကူးစက်ခံရသူ စုစုပေါင်းဦးရေမှာ ၅၁၇၅၄ ဦးရှိသွားပြီး ၁၂၈၁၃ ဦးမှာ သက်သာပျောက်ကင်းကြောင်း ဖိလစ်ပိုင် ကျန်းမာရေးဌာနက သတင်းထုတ်ပြန်သည်။
သေဆုံးသူဦးရေ စုစုပေါင်းမှာမူ ၁၃၁၄ ဦးရှိပြီဖြစ်သည်။
ကြာသပတေးနေ့က အသစ်တွေ့ရှိသူ ၁၃၉၅ ဦးအနက် ၄၄၃ ဦးမှာ မနီလာမြို့တော် နယ်နိမိတ်အတွင်းမှဖြစ်ပြီး၊ ၂၉၀ ဦးမှာမူ ဗီဆာယက်စ် ဒေသမှဖြစ်ကာ၊ ၅၉၂ ဦးမှာမူ နိုင်ငံ၏ အခြားဒေသများမှဖြစ်ကြောင်း ဖိလစ်ပိုင်ကျန်းမာရေးဝန်ကြီးဌာနကဆိုသည်။
ဖိလစ်ပိုင်နိုင်ငံတွင် ပထမဆုံးသော COVID-19 အတည်ပြုလူနာကို ဇန်နဝါရီလအတွင်းက တွေ့ရှိခဲ့ပြီး မတ်လမှ စတင်၍ Lockdown ချခြင်းအဆင့်ဆင့်ကိုပြုလုပ်ခဲ့ကာ၊ ယခုအခါ ဖြေလျော့မှုများကိုလည်း အဆင့်ဆင့် ပြန်လည်ပြုလုပ်နေလျှက်ရှိကြောငျး သိရသညျ။
Source: Xinhual #Myanmar_Online_News
0 comments:
Post a Comment