Friday, July 17, 2020

တိုကျိုတွင် COVID-19 သတိပေးမှု အမြင့်ဆုံးအဆင့်သတ်မှတ်

နောက်ထပ်ရောဂါကူး စက်မှုများ ပိုများလာခြင်းသည် အလွန်အန္တရာယ်များသော အခြေ အနေဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားစဉ် တိုကျိုမြို့ အုပ်ချုပ်ရေးမှူးက ကိုရိုနာဗိုင်း ရပ်စ်ဆိုင်ရာ သတိပေးမှုအဆင့်ကို အမြင့်ဆုံးသို့ တိုးမြှင့်ထားသည်။
သို့သော်လည်း အနီရောင် သတိပေးချက်က တိုကျိုမြို့ရှိ စီးပွားရေးလုပ်ငန်းများကို ပိတ်ထားရန် (သို့မဟုတ်) အခမ်းအနားများကို ရွှေ့ဆိုင်းရန် ညွှန်ကြားမည် မဟုတ်ပေ။
ဧပြီက တစ်နိုင်ငံလုံး အရေးပေါ်အခြေအနေ ကြေညာထားစဉ် မှာပင် ဂျပန်တွင် ဥရောပနိုင်ငံများ၌ မြင်တွေ့ခဲ့ရသော လော့ခ်ဒေါင်း ချခြင်းမျိုး မပြုလုပ်ခဲ့ပေ။ တစ်နိုင်ငံလုံး အရေးပေါ်အ ခြေအနေကို မေလကုန်က ပြန်လည်ရုပ်သိမ်းခဲ့သည်။
ယင်းနောက် တစ်နေ့တာ ရောဂါကူးစက်မှုနှုန်း စံချိန်တင် မြင့်တက်ခဲ့ပြီး ပြီးခဲ့သည့်သီတင်း ပတ်က တိုကျိုမြို့တွင် ၂၄၃ ဦး အထိ ရောဂါကူးစက်ခဲ့သည်။
တိုကျိုမြို့ရှိ နိုက်ကလပ်များတွင် အသက်(၂၀)ကျော်၊ (၃၀) ကျော် အရွယ်များ ကိုရိုနာဗိုင်း ရပ်စ် ကူးစက်မှု ပိုများလာပြီး ရောဂါလက္ခဏာ ပြင်းထန်မှုရှိကြောင်း တွေ့ရသည်။
ဂျပန်တွင် ပိုးတွေ့လူနာ ၂၂,၅၀၀ ကျော်ရှိပြီး သေဆုံးသူ ၁,၀၀၀ နီးပါး ရှိသော်လည်း လူဦးရေအရ အခြားသောနိုင်ငံများနှင့်နှိုင်းယှဉ်ပါက ထိခိုက်မှုလျော့နည်းသည်ဟု ဆိုရမည်ဖြစ်သည်။
crd-7daynews #Myanmar_Online_News
>>Zawgyi<<
တိုကျိုတွင် COVID-19 သတိပေးမှု အမြင့်ဆုံးအဆင့်သတ်မှတ်
Friday, July 17, 2020
နောက်ထပ်ရောဂါကူး စက်မှုများ ပိုများလာခြင်းသည် အလွန်အန္တရာယ်များသော အခြေအနေဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားစဉ် တိုကျိုမြို့ အုပ်ချုပ်ရေးမှူးက ကိုရိုနာဗိုင်း ရပ်စ်ဆိုင်ရာ သတိပေးမှုအဆင့်ကို အမြင့်ဆုံးသို့ တိုးမြှင့်ထားသည်။
သို့သော်လည်း အနီရောင် သတိပေးချက်က တိုကျိုမြို့ရှိ စီးပွားရေးလုပ်ငန်းများကို ပိတ် ထားရန် (သို့မဟုတ်) အခမ်းအနားများကို ရွှေ့ဆိုင်းရန် ညွှန်ကြားမည် မဟုတ်ပေ။
ဧပြီက တစ်နိုင်ငံလုံး အရေး ပေါ်အခြေအနေ ကြေညာထားစဉ် မှာပင် ဂျပန်တွင် ဥရောပနိုင်ငံများ၌ မြင်တွေ့ခဲ့ရသော လော့ခ်ဒေါင်း ချခြင်းမျိုး မပြုလုပ်ခဲ့ပေ။ တစ်နိုင်ငံလုံး အရေးပေါ်အ ခြေအနေကို မေလကုန်က ပြန်လည်ရုပ်သိမ်းခဲ့သည်။
ယင်းနောက် တစ်နေ့တာ ရောဂါကူးစက်မှုနှုန်း စံချိန်တင် မြင့်တက်ခဲ့ပြီး ပြီးခဲ့သည့်သီတင်း ပတ်က တိုကျိုမြို့တွင် ၂၄၃ ဦး အထိ ရောဂါကူးစက်ခဲ့သည်။
တိုကျိုမြို့ရှိ နိုက်ကလပ်များ တွင် အသက်(၂၀)ကျော်၊ (၃၀) ကျော် အရွယ်များ ကိုရိုနာဗိုင်း ရပ်စ် ကူးစက်မှု ပိုများလာပြီး ရောဂါလက္ခဏာ ပြင်းထန်မှုရှိကြောင်း တွေ့ရသည်။
ဂျပန်တွင် ပိုးတွေ့လူနာ ၂၂,၅၀၀ ကျော်ရှိပြီး သေဆုံးသူ ၁,၀၀၀ နီးပါး ရှိသော်လည်း လူဦးရေအရ အခြားသောနိုင်ငံများနှင့်နှိုင်းယှဉ်ပါက ထိခိုက်မှုလျော့နည်း သည်ဟု ဆိုရမည်ဖြစ်သည်။
crd-7daynews #Myanmar_Online_News

0 comments:

Post a Comment