Friday, July 10, 2020

စီးပွားရေးလုပ်ငန်းများအနက် ၁၀ခုတွင် ၉ ခုသည် Covid-19 ကြောင့် အခြေအနေမကောင်းဟု သုတေသနစစ်တမ်းအရသိရ

စီးပွားရေးလုပ်ငန်းများအနက် ၁၀ခုတွင် ၉ ခုသည် Covid-19 ကြောင့် အခြေအနေမကောင်းဟု Business Sentiment Survey(BSS) မှ စစ်တမ်းကောက်ယူတွေရှိခဲ့ကြောင်းသိရသည်။
အဆိုပါစစ်တမ်းကောက်ယူမှု သည် မြန်မာ ၂၀၂၀ခုနှစ် ဇူလိုင်လ (၂) ရက် - Business Sentiment Survey (BSS) ၏ လက်ရှိအဖြေများသည် ၂၀၁၆ ခုနှစ်မှ စတင်လုပ်ခဲ့သော စစ်တမ်းများအနက် အဆိုးရွားဆုံးဖြစ်နေသည်ကို Myanmar Marketing Research & Development (MMRD) မှ ဌာနခွဲတစ်ခုဖြစ်သော Business Insight မှ ဖော်ပြခဲ့သည်။
၂၀၂၀ ခုနှစ် ဇွန်လ (၃၀) ရက်နေ့တွင် စီးပွားရေးလုပ်ငန်း ၂၀၀၀ ဝန်းကျင်အား အွန်လိုင်းစစ်တမ်းကောက်ယူခြင်း၊ လူခြင်းတွေ့ မေးမြန်း ကောက်ယူခြင်းများ ပြုလုပ်ခဲ့ရာ ယခင် ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် ၇၂ % ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် ၃၇ % များနှင့် နှိုင်းယှဉ်သော် ယခု စစ်တမ်းတွင် ၉၀ % သည် ၎င်းတို့၏ စီးပွားရေး အခြေအနေများမကောင်းဟု ဖြေဆိုခဲ့သည်။
မြန်မာနိုင်ငံစီးပွားရေးအခြေအနေ မကောင်းရခြင်း၏ အဓိကအကြောင်းအရင်းမှာ ကပ်ရောဂါ Covid -19 ကြောင့်ဖြစ်ပြီး ဖြေဆိုသူ၏ ၉၄% မှာ ကပ်ရောဂါသည် ၎င်းတို့၏ စီးပွားရေးအား ထိခိုက်ခဲ့သည်ဟု ဖြေဆိုခဲ့သည်။ ထို ၉၄% အနက် ၃၇% သည် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းသည် ဆိုးရွားစွာ ထိခိုက်နေပြီး ၅၇% သည် အသင့်အတင့် ထိခိုက်ခဲ့‌ကြောင်း‌ဖော်ပြထားသည်။
Ref ; Today News

0 comments:

Post a Comment