Thursday, July 16, 2020

COVID-19 ရောဂါကြောင့် ဘင်္ဂလားဒေ့ရှ်ရေတပ်ဦးစီးချုပ်(ငြိမ်း) ကွယ်လွန်

ဘင်္ဂလားဒေ့ရှ်ရေတပ်က အငြိမ်းစားရေတပ်ဦးစီးချုပ်တစ်ဦးဖြစ်သူ Rear Admiral Muhammad Mohaiminul Islam ဟာ COVID-19 ရောဂါကြောင့် ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။
ကွယ်လွန်ချိန်မှာ အသက် ၇၉ နှစ်ရှိပါပြီ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့မှာရှိတဲ့ စစ်ဘက်ဆိုင်ရာဆေးရုံမှာ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့တုန်းက ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။
သူဟာ ဘင်္ဂလားဒေ့ရှ်ရေတပ်ဦးစီးချုပ်အဖြစ် ၁၉၉၁ ခုနှစ်ကနေ ၁၉၉၅ ခုနှစ်ထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ရေတပ်စစ်ရေယာဉ်စု၊ စစ်တကောင်းရေတပ်စခန်းဌာနချုပ်၊ ရေတပ်သင်္ဘောကျင်း၊ အုပ်ချုပ်ထောက်ပံ့မှုဌာနကြီး၊ ရေတပ်ဒုတိယစစ်ဦးစီးချုပ်တာဝန်တွေကို ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။
၁၉၄၁ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ၁၉၅၉ ခုနှစ်မှာ ပါကစ္စတန်ရေတပ်အကယ်ဒမီမှာ ဗိုလ်လောင်းအဖြစ် တက်ရောက်သင်ကြားခဲ့ပါတယ်။ ၁၉၆၃ ခုနှစ်မှာ ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။ တူရကီနဲ့ ပြင်သစ်နိုင်ငံတို့မှာ ရေငုပ်သင်္ဘောသင်တန်း တက်ရောက်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံ US Naval Command College မှာ တက်ရောက်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ ထိုင်းနိုင်ငံကနေ Knight Grand Cross ကို ဂုဏ်ထူးဆောင်အဖြစ် ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
crd-ပင်လယ်ရေကြောင်းမဟာဗျူဟာနှင့် ရေကြောင်းစစ်အယူအဆများ #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment