Saturday, July 11, 2020

COVID-19 ရောဂါ ကုသရေးဌာန(ဖောင်ကြီး)တွင် (ပဉ္စမအကြိမ်)တာဝန်ထမ်းဆောင်မည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များအား ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး က တွေ့ဆုံအမှာစကားပြောကြား

ယနေ့ ဇူလိုင်လ ၁၁ ရက်နေ့တွင် သွားရောက်တဲ့ မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်ပါရဂူ ဆေးမှူးများ၊ သူနာပြုများက COVID-19 ကုသရေးဌာန(ဖောင်ကြီး)ကို အဖွဲ့လိုက်အလှည့်ကျ သွားရောက် တာဝန် လဲလှယ် ဆောင်ရွက်ခဲ့တာ ပဉ္စမအကြိမ်မြောက်အဖွဲ့ဖြစ်ပါတယ်။
"COVID-19 ရောဂါ မြန်မာနိုင်ငံကို စတင်ကူးစက်လာချိန်မှာ ပြည်သူတွေဟာ စိုးရိမ်ထိတ်လန့်မှုများစွာ ဖြစ်လာခဲ့ကြပါတယ်။ ထို့ပြင် ကျန်းမာရေးဝန်ထမ်းများဟာလည်း ကျန်းမာရေးဗဟုသုတနည်းပါးတဲ့ လူနာတွေကြောင့် ကုသရေးအပိုင်းမှာရော Qurantine ဝင်ရောက်ရမှုအပိုင်းတွေမှာရော စိတ်ဖိစီးမှုတွေနှင့် ပင်ပန်းမှုတွေ ကြုံတွေ့လာခဲ့ပါတယ်။ ဒါ့အပြင် ကျန်းမာရေးဝန်ထမ်း မလုံလောက်မှုပြဿနာတွေပါ ကြုံတွေ့လာခဲ့ပါတယ်။ ကျန်းမာရေးဝန်ထမ်းအခက်အခဲများကို ဖြေရှင်းနိုင်ရေးအပါအဝင် ရောဂါ Out Brake ဖြစ်လာခဲ့ရင် အဆင်သင့်ဖြစ်စေဖို့အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ COVID-19 ကုသရေးဌာန(ဖောင်ကြီး)ကို ဖွင့်လှစ်ခဲ့ပြီး တပ်မတော်ဆေးမှူးများပါ ကျန်းမာရေးဝန်ထမ်းများ၊ အရပ်ဘက်ဆေးရုံဝန်ထမ်းများနှင့်အတူ တာဝန်ထမ်းဆောင် ပေးကြဖို့ အကူအညီတောင်းခံလာခဲ့ပါတယ်။ တပ်မတော်အနေနဲ့ ကူညီဆောင်ရွက် ပေးနိုင်ရေး စီစဉ်ပေးခဲ့ပြီး ယခုလို ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ စေလွှတ်ပေးချိန်မှာ တိုင်းမှူးကိုယ်တိုင်လာရောက် တေွ့ဆုံမှာကြားပြီး စေလွှတ်ပေးလျက်ရှိနေပါတယ်။" ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေ၊ တိုင်းမှူး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ၏ တွေ့ဆုံမှာကြားမှု။
==========================================================
"အိမ်နီးချင်းနိုင်ငံများနှင့် အရှေ့တောင်အာရှနိုင်ငံများ မှာလည်း ရောဂါကူးစက်ပျံ့နှံ့မှု ဆက်လက် ဖြစ်ပွားနေတာကြောင့် ကျွန်တော်တို့ နိုင်ငံအနေနဲ့ ပေါ့ပေါ့ဆဆ နေထိုင်လို့မရသေးတဲ့အခြေအနေဖြစ်ပါတယ်။ အထူးသဖြင့် အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာ ကူးစက်မှုနှုန်းဟာ တစ်ရက်ကို ၂ သောင်းကျော် နဲ့ ဘင်္ဂလား ဒေ့ရှ်နိုင်ငံမှာ တစ်ရက် ကို ၃၀၀၀ ကျော် ရှိနေတဲ့အတွက် မြန်မာနိုင်ငံအနေနဲ့ အန္တရာယ်ကြီးအနေအထားမှာပဲ ရှိနေပါသေးတယ်။"
"COVID-19 Medical Center စတင်အကောင်အထည်ဖော်စဉ် ကတည်းကစပြီး ယနေ့အထိ ကျွန်တော်တို့ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ ဝင်တွေ အနေနဲ့ ထဲထဲဝင်ဝင် အားတက်သရော ဆောင်ရွက်ခဲ့ခြင်းဟာ နိုင်ငံတော်နဲ့ ပြည်သူတို့ အတွက် လိုအပ်ချိန်တိုင်း တပ်မတော်အနေနဲ့ အသင့်ရှိနေတယ်ဆိုတာကို ဖော်ပြနေတဲ့ ပြယုဂ် တစ်ခုလည်းဖြစ်ပါတယ်။" အဖွဲ့ဝင်တစ်ဦး၏ ရှင်းလင်း ပြောကြားမှု။

0 comments:

Post a Comment