Tuesday, July 7, 2020

COVID-19ရောဂါကာလ ဦးပိန်တံတားပေါ် ဖြတ်သန်းသွားလာမှုများရှိပါက ဥပဒေအရအရေးယူသွားမည်

COVID-19ရောဂါကာလ ဦးပိန်တံတားပေါ်ဖြတ်သန်းသွားလာခြင်းမပြုနိုင်ရန် တံတားအဝင်၊အထွက်နှစ်ဘက်ကို သံဆူးကြိုးများဖြင့် နှစ်ထပ် ကာရံပိတ်ဆို့ထားသော်လည်း ကျော်တက်မှုများရ်ှနေသဖြင့် ဇူလိုင်(၆) ရက်မှစတင်၍ ဖြတ်သန်းသွားလာမှုများ တွေ့ရှိပါက ဥပဒေအရအရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
“တောင်သာမန်တံတာသံဆူကြိုးတွေကိုနှစ်ထပ်ကို ပြီးခဲ့တဲ့ (၅)ရက်နေ့ကစပြီးကာ လိုက်တယ်။ တစ်ခန်းစာတိုပြီးကာလိုက်တာပါ။ လူတွေကသံဆူးကြိုးရှောင်ပြီးဘေးကနေ တိုင်ကိုပတ် ပြီးတက်နေကြတာပေါ့။ နောက်တစ်ခါငှက်လှေအဖွဲ့ကလည်း ငှက်လှေစီးပြီး တံတာအလယ်လှေကား ကနေ တက်နေတာတွေလည်းရှိတယ်။ ဒါကြောင့်ငှက်လှေအဖွဲ့ကို မြို့နယ်အုပ်ချုပ်ရေးမှူးကနေ ခေါ်ယူသတိပေးတာတွေပြုလုပ်ထားတယ်။ အင်းထဲအပန်း‌ဖြေတာကိစ္စမရှိပေမယ့် တံတာပေါ်တက်ခွင့် မပေးပါနဲ့လို့ပြောပြီးပြီ။ ခုကနှစ်ထပ်ကာလိုက်တာပေါ့။ ရှေ့ကတစ်ခန်ပါတိုးပြီး နှစ်ထပ်ကာလိုက်တာပါ။အရေးယူတဲ့အပိုင်းကတော့ သက်ဆိုင်ရာဌာနနဲ့အုပ်ချုပ်ရေးအပိုင်းက လုပ်သွားလိမ့်မယ်။ မနေ့က အစည်းအဝေးမှာ ရှေးဟောင်းသုတေသနနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေကပြောခဲ့တာ။”ဟု တောင်မင်းကြီးဘုရားဂေါပကအဖွဲ့ဥက္ကဌ ဦးသန်းမြင့်ကပြောကြားခဲ့သည်။
ဦးပိန်တံတားအပေါ်သို့ ပြီးခဲ့သည့် မတ်လကုန်၊ ဧပြီလဆန်းကစတင်၍ COVID-19 ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူဖြတ်သန်းသွားလာခွင့်မပြုရန် တားမြစ်ခဲ့ပြီးနောက် သံဆူးကြိုးအနည်းငယ်၊ သစ်ပြား များဖြင့်သာ ကာရံထားခဲ့သည်။
သို့သော် တောင်သမန်အင်းနှင့် ဦးပိန်တံတားသို့ ဇူလိုင်(၄)ရက် ဝါဆိုလပြည့်နေ့က လာရောက် လည်ပတ်သူ များအနက် အချို့ကတံတားပေါ်သို့ ကျော်တက်မှုများရှိခဲ့သည့်အတွက် ဇူလိုင်(၅)ရက်တွင် ရှေးဟောင်း သု တေသနဌာနမှဦးဆောင်ကာ သက်ဆိုင်ရာတာဝန်ရှိသူများ၊ တောင်သမန်ငှက်လှေ အသင်းသားများစုပေါင်း၍ တံတားအတက်၊အဆင်းနေရာများနှင့် အဝင်အထွက်နှစ်ဘက်ကို သံဆူး ကြိုးနှစ်ဆင့်ဖြင့် ကာရံခဲ့ခြင်းဖြစ် သည်။
ယခုအချိန် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အများပြည်သူသိရှိစေရန်လိုက်နာရမည့် တားမြစ်ကန့်သတ်ချက်များကို ဇူလိုင်(၁၅)ရက်နေ့အထိ တိုးမြင့်ထားပြီး ယင်းအထဲတွင် လူထုအပန်းဖြေနေရာများပါဝင်သဖြင့် ဖောက်ဖျက်ကျုးလွန်ပါက၂၀၁၃ခုနှစ်၊သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ-၃၀ (က) အရ တစ်နှစ်ထက် မပိုသောထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်နိုင်သည်ဟု ပြဌာန်ထားကြောင်း သိရသည်။
Source - I seen Media

0 comments:

Post a Comment