Friday, July 17, 2020

လက်ရှိ COVID-19 ကာလအတွင်း စီးပွားရေးကျဆင်းမှုကြောင့် ထိုင်းဝန်ကြီးများနုတ်ထွက်

ထိုင်းနိုင်ငံမှာယခုနှစ် စီးပွားရေးကျဆင်းခဲ့တာကြောင့် အဓိကကျတဲ့ ဝန်ကြီးလေးဦးနုတ်ထွက်သွားခဲ့ပါတယ်။
လက်ရှိဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာရဲ့ အာဏာရပါလန်းပရာချာရတ်သ် ပါတီထဲမှာလှုပ်လှုပ်ရှားရှားဖြစ်သွားတဲ့ နောက်ပိုင်းအခုလိုနုတ်ထွက်မှုတွေကိုတွေ့မြင်ခဲ့ရတာပါ။
နုတ်ထွက်သွားသူတွေကဒုတိယဝန်ကြီးချုပ် ဆွမ်ကစ်ဒ် ဂျာတူဆရီပီတက်၊ ဘဏ္ဍာရေးဝန်ကြီးအူတမာဆဗာနာယန၊ စွမ်းအင်ဝန်ကြီးဆွန်တီရတ် ဆွန်တီဂျီရာဝေါင်၊ ပညာရေး၊ သိပ္ပံ၊ သုတေသနနဲ့ ဆန်းသစ်တီထွင်မှုဝန်ကြီးဆူဝစ် မက်ဆင်ဆီးတို့ ဖြစ်ပါတယ်။
ပါလန်းပရာချာရတ်သ် ပါတီဟာစစ်ဘက်ကခေါင်းဆောင်ပိုင်းနဲ့ တက္ကနိုခရက်တွေပါဝင်တဲ့ အစိုးရတစ်ရပ်ကိုဖွဲ့စည်းထားတာဖြစ်ပါတယ်။ အခုနုတ်ထွက်သွားသူတွေကပါတီဗဟိုကော်မတီဝင် တက္ကနိုခရက်တွေဖြစ်ပါတယ်။ ပါတီအနေနဲ့ အခုနောက်ပိုင်းမှာစစ်ဘက်နဲ့ ဆက်ဆံရေးတိုးတက်အောင် ပြင်ဆင်မှုတွေလုပ်နေတယ်လို့လည်းလေ့လာသူတွေကသုံးသပ် ထားကြပါတယ်။
Source: AP
Crd : OneNews

0 comments:

Post a Comment