Sunday, July 26, 2020

COVID-19 ကူးစက်မှုနှုန်း မြင့်တက်နေသော အိန္ဒိယနိုင်ငံရှိ မတ်ဒရာပရာဒေ့ရှ်ပြည်နယ် ဝန်ကြီးချုပ်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိ

အိန္ဒိယနိုင်ငံအလယ်ပိုင်း မတ်ဒရာပရာဒေ့ရှ် ပြည်နယ်ဝန်ကြီးချုပ် ရှီဗရက်ဂျ်ဆင်းကိုဟန် တွင် ယနေ့ ကိုရိုနာဗိုင်းရပ်စ်ပိုး စမ်းသပ်တွေ့ရှိခဲ့ကြောင်း ၎င်း၏ တွစ်တာ၌ အတည်ပြုပြောကြားခဲ့သည်။
ဆင်းကိုဟန်မှာ အိန္ဒိယနိုင်ငံရှိ ပြည်နယ်ဝန်ကြီးချုပ်များအနက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့် ပထမဆုံး ပြည်နယ်ဝန်ကြီး ချုပ်ဖြစ်သည်။ ၎င်းအနေဖြင့် ကိုဗစ်-၁၉ ရောဂါ လက္ခဏာများ ခံစားနေရသည်ဟု ပြည်သူများအား ကိုဟန်က ပြောကြားခဲ့သည်။
“ပြီးခဲ့တဲ့ရက်အတွင်း ကျွန်တော်နဲ့ထိတွေ့ ခဲ့သူတွေ ကိုဗစ်-၁၉ ရောဂါစစ်ဆေးမှုတွေ ပြုလုပ်ဖို့ ပြောကြားလိုပါတယ်။ ကျွန်တော်နဲ့ အနည်းငယ်ထိတွေ့မှုရှိသူတွေ သီးခြားခွဲပြီး နေသင့်ပါတယ်။ ကျွန်တော် ကိုဗစ်-၁၉ ရောဂါလမ်းညွှန်ချက်တွေအားလုံး လိုက်နာနေပါတယ်။ ဆရာဝန်ရဲ့အကြံပြုချက်အရ သီးခြားခွဲနေမှာဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။
မတ်ဒရာပရာဒေ့ရှ်ပြည်နယ်မှာ မြေပြင်ဧရိယာအရ အိန္ဒိယနိုင်ငံ၏ အကြီးမားဆုံးသော ပြည်နယ်များတွင် ပါဝင်သည်။ ယနေ့ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သော အချက် အလက် များအရ မတ်ဒရာပရာဒေ့ရှ်ပြည်နယ်၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၇၉၁ ဦး အထိရှိပြီး ကူးစက်လူနာ ၂၆၂၁၀ ရှိကြောင်း သိရသည်။
အိန္ဒိယနိုင်ငံတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၁၃၅၈ ဦးအထိ မြင့်တက် လာခဲ့ပြီး ပိုးတွေ့လူနာ ၁၃၃၆၈၆၁ ဦး ရှိလာခဲ့သည်။ အိန္ဒိယဆေးသုတေသနကောင်စီ (ICMR) ၏ အချက်အလက်များအရ ဇူလိုင် ၂၄ ရက်အထိ ဗိုင်းရပ်စ်ပိုး ရှိ၊ မရှိ စမ်းသပ်ခဲ့သူအရေ အတွက်စုစုပေါင်းမှာ ၁၅၈၄၉၀၆၈ ဦးဖြစ်ကြောင်း သိရသည်။
Ref :Xinhua

0 comments:

Post a Comment