Tuesday, July 14, 2020

ကာဂျစ္စတန်နိုင်ငံခြားရေးဝန်ကြီး Covid-19 ကူးစက်ခံထားရပြန်

ကာဂျစ္စတန်နိုင်ငံခြားရေး၀န်ကြီးချုပ် ဂစ်အိုင်ဒါဘီကော့ဗ်က သူ့မှာ Covid-19 ကူးစက်ထားခဲ့တယ်လို့ ၄င်းရဲ့ဖေ့ဘွတ်စာမျက်နှာမှာ ရေးသားဖော်ပြထားခဲ့ပါတယ်။
"နေမကောင်းဖြစ်နေခဲ့ပါတယ်။ အားအင်ကုန်ခမ်းနေပြီး ကိုယ်ပူနေတာ ၁၁ရက်ရှိပါပြီ။ ခုခံအားစနစ်ကောင်းဖို့ကြိုးစားနေခဲ့ရပြီး တဖြည်းဖြည်းပြန်သက်သာလာနေပါပြီ။ အလုပ်တွေကအများကြီးရှိနေပေမယ့် အချိန်မရဖြစ်နေတယ်"လို့ ၄င်းက ရေးသားထားခဲ့ပါတယ်။
အခက်အခဲအကျပ်အတည်းတွေရှိနေပေမယ့် ကျွန်တော်တို့အဖွဲ့တစ်ခုလုံးက နိုင်ငံသားတွေကို ကူညီပေးနိုင်ဖို့ မနားမနေဘဲ အကောင်းဆုံးကြိုးစားလုပ်ကိုင်နေခဲ့ကြပါတယ်လို့ ၄င်းက ဆိုပါတယ်။
"နိုင်ငံခြားရေး၀န်ကြီးဌာနက လုပ်ဖော်ကိုင်ဖက်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ နိုင်ငံခြားဌာနတိုင်းနဲ့ သံတမန်ရေးရာမစ်ရှင်တွေရဲ့အကြီးအကဲတွေတိုင်းကလည်း အလုပ်တွေကို ကြိုးပမ်းလုပ်ကိုင်နေကြပါတယ်။ သံတမန်အရာရှိတစ်ချို့ဆိုရင် နေမကောင်းဖြစ်နေကြပေမယ့်
အဝေးကနေအလုပ်လှမ်းလုပ်ပေးနေကြပါတယ်။ ဒီလိုအခက်အခဲကာလကြီးကို ကြံ့ခိုင်တည်ငြိမ်စွာနဲ့ ကျော်လွှားဖြတ်သန်းသွားကြပါမယ်"လို့ ၄င်းက ရေးသားထားခဲ့ပါတယ်။
Crd : PyiMyanmar

0 comments:

Post a Comment